Part 30

7.7K 454 7
                                    

Unicode


မြေးနှစ်ယောက်မှောက်နေတာကို ကြည့်ကာပိုးသားမှာအပျော်လွန်ရသေးသည်။ မှောက်ပြီး ပက်လက်ပြန်မလှန်တတ်မှာဆိုးလို့ စောင့်ကြည့်တာလဲ အမော။ မှောက်တတ်လှန်တတ်သွားတဲ့ မြေးနှစ်ယောက်က မှောက်ရင်းနဲ့ခြေထောက်ဖောင်းဖောင်းလေးက တွန်းကန်ကာ မှောက်သွားသွားနေ၏။ မှောက်ပြီး မျက်လုံးရှေ့မြင်မြင်သမျှကိုလည်း လိုက်ဆွဲနေသည်။ ပိုးသားမှာ မြေးနှစ်ယောက်နဲ့အားယားလိုက်မှောက်ပြီး စကားတွေပြောရတာ အမော။

ထည်ဝါ မြေးနှစ်ယောက်နဲ့အတူ ကလေးလိုက်လုပ်နေတဲ့ ပါးပါးကိုကြည့်ကာ ရယ်ပဲရယ်ချင်နေတော့သည်။ သူ့တို့ဒယ်ဒီဒီနဲ့ဖေဖေက သူ့လောက်မဟုတ်။ သူ့မှာ မြေးနှစ်ယောက်နဲ့အပြိုင်ကဲနေတာဖြစ်သည်။ ပက်လက်လှန်လိုက် အားယားမှောက်လိုက်နဲ့ အငြိမ်ကိုမနေ။ မြေးနှစ်ယောက်ကလေးလား သူက ကလေးလားမသိပေ။

"ပါးပါး မောနေတော့မယ်"

ဂုဏ်ရှိန် ပါးပါးကိုနောက်လိုက်သည်။ သားနှစ်ယောက်မှောက်တတ်ပြီး ဝမ်းလျားသွားတာက သူတို့ထက်ပိုပြီး ပါးပါးက သဲသဲကဲကဲလေးဖြစ်နေသည်။ သူကိုယ်တိုင်လည်း အလုပ်ကိုမသွားနိုင်။ သားတို့မှောက်တတ်ထဲက ဘယ်အချိန်ထပ်မှောက်မလဲ ဘာလဲသိချင်လို့ စောင့်ကြည့်နေရတာ။ သူတို့အတွက် ကစားဖို့အခန်းထဲမှာမဟုတ်ပဲ အပြင်ဧည့်ခန်းတစ်ဝိုက်မှာပါ မွှေးပွကော်ဇော်တွေ ခင်းထားတာအပြည့်။ သားနှစ်ယောက်နဲ့ပါးပါးက အခုတော့ မွှေးပွကော်ဇောပေါ်မှာ ဝမ်းလျားမှောက်ပြီး ခြေထောက်နဲ့ကန်ကာ ဝမ်းလျားမှောက်သွားနေ၏။ ညွှန်းကတော့ သားတို့အတွက် ဖြည့်စွက်စာကို ကိုယ်တိုင်လုပ်နေသည်။ ထမင်းကိုသားတို့က ပိုစားနေပြီဖြစ်ကာ အရင်လို့မငိုတော့ပေ။

"ပါးပါးလာပြီ ပါးပါးလာပြီ"

ပါးပါးက သားနှစ်ယောက်ကြည့်နေတဲ့ဆီကို လက်ကားယားခြေကားယားနဲ့လာနေပြီဆိုပြီး လုပ်ပြနေ၏။ သားနှစ်ယောက်က ဝမ်းလျားမှောက်ကာ ခေါင်းလေးထောင်ပြီး ပါးစပ်လေးတွေဟကာ ပါးပါးကိုကြည့်နေတာဖြစ်ပြီး ပါးပါးလှုပ်လာတာနဲ့ ရယ်သံတွေထွက်ကာ ခြေထောက်ဖောင်းဖောင်းလေးတွေက တွန်းကန်ပြီး ဝမ်းလျားမှောက်ကာ မြန်မြန်ပဲနေရာ ရွှေ့နေတော့သည်။

The Time Of Flower Is Blooming Because Of Maung [Complete]Where stories live. Discover now