Part 9

8.8K 591 15
                                    

Unicode

ညွှန်း မနက်ကဖုန်းဆက်ပြီး သူ့ကိုလာခေါ်မယ်ဆိုတာကြောင့် အဆင်သင့်လုပ်ထားလိုက်သည်။ သူတို့ ဒီနေ့ဆွမ်းကျွေးမှာဝတ်မယ့် အရောင်နဲ့ဒီဇိုင်းကို တိုင်ပင်ဖို့ရှိတာကြောင့် ဖြစ်၏။ မေမေနဲ့ဖေဖေကတော့ ဖိတ်မယ်လူစာရင်းပဲလုပ်ပြီး ကလေးတွေစိတ်ကြိုက်ဖြစ်အောင် သူတို့ကိုပဲ ရွေးခိုင်းပြီး ဘာမှဝင်မပါပေ။

"မေမေ ကားသံကြားတယ်၊ လိုက်သွားလိုက်အုန်းမယ်နော်"

"အင်း သားလိုတာရှိရင် မေမေ့ကိုဖုန်းဆက်လိုက်နော်"

ရှေ့မှာကားသံကြားတာကြောင့် သူမေမေ့ကိုပြောပြီးထွက်ခဲ့လိုက်သည်။ ဂုဏ်ရှိန်မြင့်မိုရ်ကြိုင်က ကားထဲကထွက်လာကာ သူ့ကိုကားတံခါးဖွင့်ပေး၏။ အဲ့လိုမလုပ်ပေးလည်း ရတဲ့ဟာကို လူကို အနေခက်အောင်လို့ အသေးစိတ်က လိုက်လုပ်ပေးနေသည်။

"ညွှန်း ဘာစားအုန်းမလဲ၊ ပါးပါးအိမ်မှာ နေ့လည်စာ ချက်ပေးနေတယ်၊ ဗိုက်စာမှာဆိုးလို့ တစ်ခုခု စားအုန်းမလား"

"ဟင် အခု အိမ်ကိုသွားမှာလား"

"ဟုတ်တယ်လေ၊ အိမ်မှာ အထည်တွေရောက်နေပြီ ဒီဇိုင်းနဲ့အရောင်နဲ့ရွေးဖို့လေ"

"အော် ဆိုင်ကိုပဲသွားရမယ်ထင်လို့၊ မစားတော့ပါဘူး အိမ်မှာမနက်စာ စားလာတယ်"

"အဲ့ဒါဆို အိမ်ကိုပဲတန်းမောင်းလိုက်တော့မယ်နော်"

"ဟုတ်"

သူ့ကိုစကားပြောတာ ဟုတ်တဲ့လေ။ သူနဲ့စကားပြောရတာ အနေခက်နေပုံရသည်။ အင်းလေ ကိုယ်ကအလယ်တန်းထဲက ချစ်နေရတဲ့သူကို ရင်းနှီးမှာပေါ့။ သူ့ဘက်ကကြည့်တော့ ကိုယ်နဲ့အခုမှ စကားပြောဖူးတာဖြစ်နေတာကို။ 

ညွှန်းကတော့ ကားပေါ်မှာငြိမ်လိုက်လာမိသည်။ ကိုကိုနဲ့လည်း အခုထိအဆက်အသွယ်မရသေးပေ။ သူကသာ တစ်ယောက်ထဲတွေးပူနေတာ ကိုကိုကဘာအပူအပင်မှမရှိပဲ ဘယ်ကိုရောက်နေမှန်းမသိ။ ပြီးတော့ သူတစ်ဖက်ကိုဘယ်လိုဖွင့်ပြောပြရမလဲ။ မျက်နှာပူစရာပေမယ့် သူ့ရဲ့အချစ်က ကိုကို့ဆီမှာပဲ ရှိနေသေးသည်။ အကြာကြီးတွဲခဲ့တဲ့ ကိုကိုကို သူကချက်ချင်းမေ့ပစ်ပြီး ဂုဏ်ရှိန်မြင့်မိုရ်ကြိုင်ဘက် ဘယ်လိုလှည့်ရမှာလဲ။ ပြီးတော့ သူနဲ့ကိုကိုက မချစ်လို့လမ်းခွဲထားတာလဲမဟုတ်။ တစ်ခါတစ်လေ ကိုကိုနဲ့က အဲ့လိုပဲ အဆက်အသွယ်မရတဲ့အခါဖြစ်နေတော့ ပုံမှန်ပင်။

The Time Of Flower Is Blooming Because Of Maung [Complete]Where stories live. Discover now