Part 29

6.5K 482 5
                                    

Unicode

ထည်ဝါမှာ သူ့ကိုရှောင်နေတဲ့ပါးပါးကို ဘာလုပ်လို့လုပ်ရမလဲမသိပေ။ သူ့မြေးတွေကြားထဲရောက်နေတော့ ဆွဲခေါ်သွားဖို့ကလဲအခက်။ သူပြန်ရောက်ထဲကသူ့ကိုစကားလည်းမပြော။ ညစာ စားတဲ့အချိန်တောင် သားတို့ရှိလို့ပြောတာဖြစ်ပြီး လိုတာထက်ပိုမပြောပေ။ အခုလည်း မြေးနှစ်ကောင်ဆီရောက်နေတဲ့ပါးပါးကို ဒီအတိုင်းပဲကြည့်နေရသည်။ ဘာကိုစိတ်ကောက်နေမှန်းလည်းမသိ။

"ပါးပါး အချစ်လေးတွေ"

ဂုဏ်ရှိန် ဖေဖေနဲ့ပါးပါးကို ညစာစားထဲက သတိထားမိနေတာ။ စကားပြောတာ ပါးပါးက လိုတာထက်ပိုမပြော။ ဖေဖေ့ကိုမျက်နှာချင်းလည်းမဆိုင်။ သူတင်သတိထားမိနေတာမဟုတ်ပဲ ညွှန်းလည်းသတိထားမိနေတာဖြစ်သည်။

"မောင် ဖေဖေနဲ့ပါးပါး စိတ်ကောက်နေကြတာမလားမသိဘူးနော်"

ညွှန်းက သူ့ကိုတိုးတိုးလေးကပ်ပြော၏။ ဂုဏ်ရှိန် ညွှန်းကိုခေါင်းငြိမ့်ပြလိုက်သည်။ ဒီနှစ်ယောက်က ဘာတွေကောက်နေလည်းမသိ။ ပျင်းနေလို့များ စိတ်ကောက်တိုင်းကစားနေတာလား။

"ကဲ သားလေးတွေသန်းနေပြီ အိပ်တော့မယ် ဖေဖေနဲ့ပါးပါးလည်းသွားတော့"

ကောက်နေသူနှစ်ယောက်က ဒီလိုနှင်ထုတ်မှပဲ မျက်နှာချင်းဆိုင်ဖြစ်တော့မှာကြောင့် ဂုဏ်ရှိန် ဝင်ပြောလိုက်ကာ ညွှန်းကိုအချက်ပြလိုက်ပြီး ပါးပါးရှေ့က သားနှစ်ယောက်ကို သွားခေါ်ကာသိပ်ဖို့လုပ်လိုက်၏။

"မင်းတို့ဒယ်ဒီက ကပ်စေးနှဲ၊ ပါးပါးနဲ့ဆော့နေတုန်းရှိသေးတယ် မအိပ်ချင်တာကိုအတင်းသိပ်နေတယ်"

"ဟာ ပါးပါး ဘယ်မှာကပ်စေးနှဲလို့လဲ၊ တစ်နေကုန် ပါးပါးဆီမှာပဲလေ၊ အခုတော့ ကျွန်တော်မျိုးအတူရှိပါရစေ"

"ဟင်း...ဒီလိုပါပဲ အချိန်တန်တော့လဲ ကိုယ်ရင်သွေးကိုယ်ချစ်ကြတာပဲ၊ ဒီပါးပါးက အလကား"

ချပ်!

"ဖေဖေ အခုပါးပါးက ကျွန်တော့်ကိုပါစိတ်ကောက်သွားတာလား"

သူ့ကိုပါတကယ်ကောက်သွားတာ။ ဖေဖေက ဘာမှမပြောပဲရယ်ပြီးထွက်သွားသည်။ သူတို့ကိုအဆင်ပြေစေချင်လို့ လုပ်ပေးကာမှ ကိုယ်ပါအစစ်စိတ်ကောက်ခံ ထိသွားတော့သည်။ မောင်နဲ့ ပါးပါးကိုကြည့်ကာ ညွှန်းရယ်လိုက်၏။

The Time Of Flower Is Blooming Because Of Maung [Complete]Where stories live. Discover now