Part 25

7.7K 485 7
                                    

Unicode

ကလေးတွေနဲ့အတူ လူကြီးတွေပါ နေ့နဲ့ညမှားနေတော့သည်။ သားနှစ်ယောက်က မနက်ဆိုအိပ်ပြီး ညဆို နို့ထတောင်းတာကြောင့် ညဘက်တွေ သူတို့အိပ်လို့မရပေ။ အလုပ်တဖက်နဲ့မောင်မနိုးအောင်လုပ်ပေမယ့် မောင်က သူ့သားတွေဆီက အဲ့ကနဲဆိုတာနဲ့ ထထိုင်ပြီးသားဖြစ်နေသည်။ မနက်ဆိုအလုပ်ကိစ္စကြောင့် ကုမ္ပဏီသွား ပြန်လာရင်သားတို့ကိုအချိန်ပေး ညရောက်ရင် သားတို့နဲ့မောင့်မှာ လုံးလည်လိုက်နေသည်။ ညလဲမအိပ်နေ့လဲအလုပ်လုပ်နေရတဲ့မောင့်ထက် ညွှန်းက ပိုပင်ပန်းတဲ့ပုံပေါက်နေ၏။ နေ့ခင်းပိုင်းသားတို့နဲ့လိုက်အိပ်ဖို့ ပါးပါးကပြောပေမယ့် နေ့ဘက်ကျသူလည်းမအိပ်တတ်။

"ဖေဖေ့ဘေဘီလေးတွေ ဒီညရောထကြအုန်းမှာလား"

အဲ့အဲ့အဲ့
အဲ့

ညွှန်မအိပ်ခင် သားနှစ်ယောက်ကို မေးလိုက်သည်။ သားနှစ်ယောက်ကလည်း တအဲ့အဲ့နဲ့ တက်ကြွစွာပြန်ဖြေပါသည်။ အောက်ကိုအနှီးပတ်ပေးထားပြီး အပေါ်ကရှေ့ခွဲအင်္ကျီလေးတွေ ဝတ်ပေးထားတာဖြစ်ကာ မအိပ်သေးတဲ့သားနှစ်ယောက်က လျှာပြွတ်လွတ်နဲ့ လက်တွေခြေတွေ မိုးပေါ်ထောင်နေကာ မြင်မြင်သမျှလိုက်ကြည့်နေ၏။

"ပါးပါးဝင်လာပြီနော်"

"ဟုတ် ပါးပါး"

သူတို့မအိပ်ခင်အထိ တံခါးကိုလော့ချမထားပေ။ သူတို့နဲ့နည်းတူ ပင်ပန်းတာ ပါးပါးဖြစ်သည်။ ညဘက်မထရတာလေးကလွဲလို့ ပါးပါးက နေ့ဘက်ဆိုတီဝါဝါနဲ့သားတို့ကိုကြည့်ပေး၏။ ပါးပါးအသံကြားတာနဲ့ သားတို့ကပိုတက်ကြွလာသလားမသိပေ။

"မအိပ်ကြသေးတာလား"

"ဟုတ်တယ်ပါးပါး"

ပိုးသား သားနှစ်ယောက်ဘေးဝင်ထိုင်ကာ ကြည့်လိုက်ဆော့ မျက်လုံးလေးတွေကိုပြူးလို့။ ဖေဖေနဲ့သားက အလုပ်ကိစ္စတိုင်ပင်နေလို့ ပိုးသားဒီဘက်ထွက်ခဲ့လိုက်တာဖြစ်သည်။

"မအိပ်ကြသေးဘူးဟုတ်လား ဟင်"

သားနှစ်ယောက်ဗိုက်ပေါ်လက်လေးတင်ကာ မေးနေတဲ့ပါးပါးကိုညွှန်းကြည့်နေမိသည်။ သူကရော သားနှစ်ယောက်ကို ပါးပါးလိုသွန်သင်နိုင်မှာလား။ မျှော်တော့မမျှော်လင့်ရဲပေ။ သားတို့ဒယ်ဒီဆို ဘယ်လောက်လိမ္မာလိုက်လဲ။ ဒါက ပါးပါးကြောင့်ဖြစ်လာပြီး သားတို့လည်း ဒယ်ဒီ့လိုလိမ္မာရင် ဘယ်လောက်ကောင်းလိုက်မလဲ တွေးမိသွား၏။ သားနှစ်ယောက်ကလည်း သူတို့ဖိုးဖိုးလေးရောက်လာထဲက နှုတ်ခမ်းလေးတွေချွန်ပြီး ခြေတွေလက်တွေထောင်ကာ စကားတွေပြောနေ၏။

The Time Of Flower Is Blooming Because Of Maung [Complete]Where stories live. Discover now