Part 5

9.5K 599 8
                                    

Unicode

“သားက တကယ်သွားချင်လို့လား”

“ဟုတ်ပါးပါး သားဒီတစ်ခါတော့ တကယ်သွားချင်ပါတယ်”

“အင်း…သားကိုယ်တိုင်က သွားချင်မှတော့ ပါးပါးလွှတ်ရတော့မှာပေါ့”

ဂုဏ်ရှိန် ပါးပါးပုခုံးကိုဖက်လိုက်သည်။ ပိုးသား နေ့လို့သိပ်မကောင်းချင်ပေ။ စိတ်ကဖြစ်နေတာကိုတော့ ငြင်းလို့မရ။ အထက်တန်းကို အမှတ်ကောင်းကောင်းနဲ့အောင်တဲ့သားက ဆရာဝန်လုပ်မလား၊ အင်ဂျင်နီယာလုပ်မလား လို့မေးပေမယ့် စီးပွားရေးလုပ်မယ်ဆိုပြီး သူ့ဖေဖေ တက်ခဲ့တဲ့ကျောင်းမှာ သွားတက်မယ်တဲ့။ ဟိုမှာ မာမီနဲ့ကိုကို နေတုန်းက အိမ်က ပြန်ရောင်းမရပဲထားတော့ သားက အဲ့မှာနေမှာဖြစ်သည်။ သားကို သူကတော့အဝေးကိုမပို့ချင်။ မပို့ချင်ဆိုတာထက် နိုင်ငံခြားပြီး သူ့ရှေ့မှမမြင်ရတော့မှာကို သူ မလိုလားပေ။ သား နိုင်ငံခြားသွားမယ်ပြောထဲက သူအလုပ်လုပ်ချင်စိတ်လည်း မရှိသလို၊ အိပ်ရာထဲပဲလှဲနေချင်တော့တာပဲ သိသည်။ အသက် ၁၅/၁၆ အထိ နေမကောင်းရင်တောင် ကိုယ့်ရင်ခွင်ထဲဝင်တိုးတဲ့သားက အခုအဝေးမှာ ကျောင်းသွားတက်မယ့်လမ်းကို ရွေးသည်။

“ပါးပါးကလည်း အဲ့လိုစိတ်မကောင်းမဖြစ်နဲ့လေ၊ သားက ခဏခဏပြန်လာမှာပေါ့”

“သား ပင်ပန်းမှာပေါ့၊ ပါးပါးက တစ်ခါမှမခွဲဘူးလို့ပါ၊ ဘာမှမဖြစ်ဘူး၊ သား ကျောင်းတက်ဖို့လျှောက်စရာရှိတာတွေလျှောက်လေ၊ လိုအပ်တာတွေ လုပ်ရအုန်းမယ်မလား”

“ဟုတ်တယ်လေသား၊ လုပ်စရာရှိတာတွေသွားလုပ်သွား ဖေဖေ ပါးပါးနဲ့စကားပြောစရာရှိလို့”

ထည်ဝါ ကြားကနေဝင်ပြောလိုက်သည်။ အထက်တန်းပြီးလို့ အမှတ်တွေထွက်လာတော့ ချာတိတ်က သားကိုဘာလုပ်ချင်လည်း ဆိုပြီး မေးခဲ့တာ။ သားက အဲ့တော့မှ ဒီမှာကျောင်းဆက်မတက်ပဲ စီးပွားရေးလုပ်ဖို့ ဟိုမှာသွားတက်မယ်ဆိုပြီး ပြောခဲ့တာ။ အဲ့ဒါကြားထဲက ချာတိတ်က ညဘက်လည်း သေချာမအိပ်၊ ဟိုနေရာငိုင်လိုက်ဒီနေရာငိုင်လိုက်နဲ့ဖြစ်နေတာ။ သားနဲ့တစ်ခါမှမခွဲဘူးတဲ့ ချာတိတ်က သားဆီက အဲ့လိုကြားပြီးထဲက စိတ်မကောင်းဖြစ်နေတာ။ သူ့မှာနေ့နေ့ညည တစ်ခုပြီးတစ်ခုပြောပြနေရတာ။ ဒါတောင် ဒီနေ့မနက်မှာ သားကို တကယ်သွားမှာလား၊ သေချာလားမေးပြီး အတည်ပြုနေတာ။

The Time Of Flower Is Blooming Because Of Maung [Complete]Where stories live. Discover now