Extra

5.3K 254 13
                                    

U+Z

"ဖိုးဖိုးနဲ့ပါးပါးကို သားတို့ကန်တော့ပါတယ်"
"ဖေဖေနဲ့ပါးပါးအပေါ်မှာ ကာယကံ၊ ဝစီကံ၊ မနေကံနဲ့ပြစ်မှားမိသည်ရှိသော် လက်ဆယ်ဖြာအုပ်မိုး၍ ကန်တော့တောင်းပန်ပါသည်"

‌ဒယ်ဒီနဲ့ဖေဖေ ကန်တော့တာကိုနောက်ကသားနှစ်ယောက်ကလိုက်ဆိုပြီး ရှိခိုးဦးချသည်။ ပိုးသား သားနှစ်ယောက်နဲ့မြေးနှစ်ယောက်ကိုကြည့်ကာ သဘောကျတာထက်ကိုပိုနေသည်။ ဒီမြေးနှစ်ယောက်က မေမေနဲ့မေမေထည်ကိုမနက်ထဲက ကန်တော့ပြီးမုန့်ဖိုးတွေယူပြီးပြီဖြစ်ကာ သားညွှန်းရဲ့ဖေဖေနဲ့မေမေကိုလည်းသွားကန်တော့ပြီးပြီဖြစ်သည်။ ပြန်လာထဲကမုန့်ဖိုးဘယ်လောက်ရပြီဆိုပြီ ကလေးနှစ်ယောက်ကတွက်ကြည့်ကြသေးတာဖြစ်၏။ အခုလည်းမြေးနှစ်ယောက်ကတစ်ယောက်နဲ့တစ်ယောက်ပြုံးစေ့စေ့နဲ့ကြည့်နေသည်။

"ဖိုးဖိုးနဲ့ပါပါကလည်း သားနဲ့မြေးတို့ကိုခွင့်လွှတ်ပါတယ်၊ သားနှစ်ယောက်နဲ့မြေးနှစ်ယောက်ကအပြစ်လုပ်ထားတာလည်းမရှိပါဘူး၊ မြေးနှစ်ယောက်ကလည်း ဖေဖေတို့နဲ့အတူတူ အိုအောင်မင်းအောင်နေနိုင်ပါစေ၊ စိတ်ချမ်းသာကိုယ်ကျန်းမာပါစေ၊ မြေးတို့ဖြစ်ချင်တဲ့ လုပ်ချင်တဲ့စိတ်ဆန္ဒတွေအောင်မြင်ပါစေ..."

"ပါးပါး.."

ပါးပါးကဘာမှမပြောတာကြောင့် မြေးကြီးကပါးပါးကိုထခေါ်သည်။

"ပါးပါးရဲ့ဆုပေးစကားကလည်း ဖိုးဖိုးနဲ့ထပ်တူပါပဲ ပါးပါးကလေးတွေ လုပ်ဆောင်တဲ့အရာအရာတိုင်းအောင်မြင်မှုရပါစေ"

"ပေးတဲ့ဆုနဲ့ပြည့်ပါစေ ဖိုးဖိုးနဲ့ပါးပါး"

ထည်ဝါမှာပြင်ဆင်ထားတဲ့မုန့်ဖိုးကိုထုတ်ယူရတော့သည်။ မြေးနှစ်ယောက်က ကန်တော့သာပြီးတာနေရာကမှမထပဲ။ မပေးသေးပဲစမ်းကြည့်ပေမယ့် ပေတေနေတဲ့မြေးနှစ်ယောက်ကြောင့် ပြင်ဆင်ထားတာကိုထုတ်ရတော့သည်။

"ဒါက သားနှစ်ယောက်အတွက်၊ ဒါကမြေးကြီးအတွက် ဒါကမြေးငယ်အတွက်"

လက်ထဲကိုရောက်လာတဲ့ပိုက်ဆံအုပ်ကိုပထမရောက်ရထားတဲ့ပိုက်ဆံအုပ်တွေနဲ့ပေါင်းကာ ရေကြည့်နေသည်။

The Time Of Flower Is Blooming Because Of Maung [Complete]Where stories live. Discover now