Part 6

9.2K 589 16
                                    

Unicode
(မီးမပျက်ခင် ပြီးသွားလို့တင်လိုက်ပါပြီရှင်။ အခုတော့မီးပျက်သွားပါပြီ။ ညနေတော့ မမျှော်နဲ့နော်လို့)

“ကိုကို ဒီလိုတွေမလုပ်တော့နဲ့လို ငါပြောထားတာကို”

“မင်းကလည်းကွာ၊ ငွေလေးနည်းနည်းတောင်းတာကို”

“ငွေတောင်းတာ ငါ့အသုံးစရိတ်ထဲက ဖဲ့နေတာ ကိုကိုသိလား၊ အိမ်ကအရင်လိုအဆင်ပြေတာမဟုတ်ဘူး ငါ့ကိုကျောင်းထားနေရတာ ဘယ်လောက်ကုန်လဲ မင်းသိရဲ့သားနဲ့”

“ဒါလေးက ဘယ်လောက်မှ ထိခိုက်မသွားပါဘူး”

“မင်း ပြောလိုက်ရင် အဲ့လိုပဲ”

“ကိုကိုလို့ မခေါ်တော့ဘူးလား ချစ်လို့ မသုံးတော့ဘူးလား”

“ငါ စိတ်ဆိုးနေတာနော် ရာဇာမြင့်မြတ်”

“မင်းစိတ်ဆိုးရင် ချစ်ဖို့ကောင်းတယ်ဆိုတာသိလား ညွှန်းစာဆို”

“ဘုန်းဘုန်း မင်းအဲ့လိုတွေပြောပြီး ငါ့ကိုတကယ်မချစ်ပဲ ညာစားနေတာ”

“တကယ်ချစ်တာ မင်းသိရဲ့သားနဲ့”

“တကယ်ချစ်ရင် ငါပြောတာနားထောင်ပါလား”

“ကိုကို နားထောင်မှာပါကွာ၊ ဒီတစ်ခေါက်က ကြေးကြီးတယ်ကွ၊ မင်းကိုကို နိုင်မှာသေချာတယ်”

“မနိုင်ရင်ရော”

“အဲ့လိုမပြောရဘူးလေ ချစ်လေးရဲ့”

“ရော့ ဒါအကုန်ပဲ ငါသုံးမယ့်အထဲကပေးလိုက်တာ ငါ့မှာလဲ မရှိတော့ဘူး”

“ချစ်ဖို့ကောင်းလိုက်တာ”

ညွှန်းစာဆို ကြည့်ပဲကြည့်နေလိုက်သည်။ ငယ်ရင်ကိုယ့်အပေါ်ကိုဆိုးမှာ စိုးတာကြောင့် အငယ်မကြိုက်တဲ့သူက ကိုကိုနဲ့တွဲလာတာ ဆေးကျောင်းမတက်ခင်ထဲကဖြစ်သည်။ သူနဲ့ကိုကို ကြိုက်နေတာကို အိမ်ကသိ၏။ သဘောတော့မတူ။ ကိုကိုက အခုမှ လောင်းကစားကိုလိုက်နေသလိုဖြစ်နေသည်။ သူနဲ့ကြိုက်တုန်းက အဲ့လိုမဟုတ်ပဲ အခုမှဘာဖြစ်လို့ ဒါကိုပဲစွဲနေလဲမသိပေ။ ဆေးလိုင်းတက်နေတဲ့သူကြောင့် ပိုက်ဆံဘယ်လောက်ကုန်လဲ သူပဲသိသည်။ သူ အထက်တန်အောင်ပြီး ဆေးလိုင်းရွေးပြီးနောက်ပိုင်း ပထမနှစ်ပြီးတာနဲ့ အိမ်စီးပွားရေးက ကျလာတာဖြစ်သည်။ ဒီနေရာကအရှုံးပေါ်လိုက်၊ ဟိုနေရာက လျော်ရလိုက်တဲ့ ခဏခဏဖြစ်နေသည်။ သူ့ကျောင်းကိစ္စကိုတော့ အထိခိုက်မခံပေ။ ဒီလိုဖြစ်နေချိန်မှ ကိုကိုက စီးပွားရှာမယ်ဆိုပြီး မရှာပဲ လောင်းကစားလုပ်နေတာဖြစ်သည်။ ကိုကို့ကို ထိန်းမရတာကြောင့် သူ့အိမ်က နှင်ချထားတာ။ ဒါကို လိမ်လိမ်မာမာ မနေပဲ လောင်းကစား ဆက်လုပ်ပြီး သူ့ဆီကနေ လိုအပ်တဲ့ပိုက်ဆံမှန်သမျှ လာတောင်းနေတာဖြစ်သည်။ ကိုကိုနဲ့ကိစ္စသိထဲက အိမ်က ဆန်ကုန်မြေလေးဆိုပြီး သဘောမကျခဲ့တာ။ ပိုက်ဆံရှိတာနဲ့ပဲ အလုပ်မလုပ်ပဲနေနေတဲ့ ကိုကို့ကို အိမ်ကသဘောမကျ။ အဲ့ဒါကို သူ့ကျောင်းမှာသုံးမယ့် ပိုက်ဆံထဲက ကိုကို့ကိုဖဲ့ပေးနေရတယ်ဆိုတာသိရင် သူ့ကိုသတ်မှာ။ ကျောင်းမှာသုံးမယ့်ပိုက်ဆံထဲက ဖဲ့ပေးနေရတော့ ကျောင်းစာကို သူက သူများထက် နှစ်ဆ ပိုလုပ်ရသည်။

The Time Of Flower Is Blooming Because Of Maung [Complete]Where stories live. Discover now