Part 35

6.6K 450 12
                                    

Unicode

"သားငယ် ဖေဖေဆီလာခဲ့"

"ရာဝူး"

"ကိုကိုတောင် ဖေဖေ့ဆီလာနေပြီ သားငယ် ဖေဖေ့ဆီလာခဲ့"

"ရာဝူး ဒယ်ဒီ"

ဆေးသောက်ဖို့ကိုသားငယ်ကပတ်ပြေးနေတာ။ သားကြီးက စကားနားထောင်စွာ သူ့ခုံလေးမှာထိုင်နေပြီဖြစ်သည်။ သူတို့အခန်းထဲမှာ သားတို့ပစ္စည်းတွေနဲ့ ပြည့်နေတာဖြစ်သည်။ သားတို့ထိုင်ဖို့ ခုံပုလေးတွေကအစ နေရာယူနေတာဖြစ်ကာ အိပ်ရာပေါ်တင်ထားတဲ့ အရုပ်တွေရော ဆက်တဲ့အရုပ်တွေရော စုံပွနေတာဖြစ်သည်။ နေ့လည်က ထမင်းကျွေးတာ များသွားလို့ ဆေးရည်အချိုလေး တိုက်မလို့ကို သားငယ်က ပတ်ပေးနေသည်။ သူ့ဒယ်ဒီကိုတွေ့ပြီး ပြေးဖက်သည်။ သူ့ဒယ်ဒီဆိုတာလည်း သူ့သားတွေက ဒါဆိုဒါ။ အခုတော့ သားငယ်က သူ့ဒယ်ဒီလည်ပင်းကိုဖက်ကာ ပုခုံးပေါ်မှောက်ချပြီး အိပ်ချင်ယောင်ဆောင်နေတော့သည်။ ဒါသူလုပ်နေကျအကျင့်။ သားကြီးက သူတို့လာဆိုလာသည်။ သားငယ်ကတော့မရပေ။ သူက နည်းနည်းလေး အထွန့်တက်လိုက်ရမှာ ကျေနပ်တာ။

အခုတော့ သားတွေငိုမှာကြောက်တဲ့သူ့ဒယ်ဒီလက်ပေါ်မှာ အခန့်သားအိပ်ချင်ယောင်ဆောင်နေတော့သည်။ သားတို့ဒယ်ဒီဆိုတာ သားတို့ကိုငိုမှာအရမ်းကြောက်။ အဲ့လို ဒယ်ဒီနဲ့သားငယ်နဲ့တွေ့တော့ ဘယ်သူမှကြားဝင်လို့ မရတော့ပေ။

"မောင် သားငယ်ကိုခေါ်ခဲ့"

"အိပ်တွားဘီ"

"အဟွန်း"
"အဟား"

ဂုဏ်ရှိန် ညွှန်းနဲ့အတူတူထရယ်မိလိုက်သည်။ ပုခုံးပေါ်မှောက်ချကာ သူ့လည်ပင်းဖက်ပြီး အိပ်ချင်ယောင်ဆောင်နေတဲ့ သားငယ်ဆီကနေ အသံထွက်လာတာဖြစ်သည်။ သူ့ဖေဖေ ဆေးတိုက်မှာဆိုးလို့ ဖြေတာကို သားငယ်က ထဖြေနေတာဖြစ်သည်။ ဂုဏ်ရှိန် သူ့ပုခုံးပေါ်ကို မှောင်ချထားတဲ့ သားငယ်ရဲ့ခေါင်းလုံးလုံးလေးကို သူ့လက်ဝါးကြီးနဲ့အုပ်ကာ ပွတ်သပ်လိုက်သည်။

"မောင် သားငယ်ကိုခေါ်ခဲ့"

"သားငယ်လေး အိပ်သွားပြီ၊ ဗိုက်လည်းမတင်းဘူးတဲ့"

သူ့ဖေဖေထပ်ပြီးခေါ်နေတာကြောင့် သားငယ်က သူ့ကိုဖက်ထားရင်း လည်ပင်းကိုတိုးဖက်ကာ ဟင့် ဆိုပြီး လုပ်တာကြောင့် ဂုဏ်ရှိန် သားငယ်ကိုချီထားရင်း ဆိုဖာမှာသွားထိုင်လိုက်သည်။ သူ့ဗိုက်ကိုခွကာ အိပ်ချယောင်ဆောင်နေတဲ့သားငယ်က တကယ်အိပ်နေသူလို့ ငြိမ်နေ၏။ သားကြီးက ကြည့်နေတာဖြစ်ပြီး ဂုဏ်ရှိန် သားကြီးကို မျက်လုံးတစ်ဖက်မှိတ်ပြလိုက်တော့ သားကြီးက ရယ်ကာတစ်ဖက်လှည့်သွားသည်။ သူ့ညီညီလေး ဆေးမသောက်ချင်တာကို သားကြီးကသိ၏။

The Time Of Flower Is Blooming Because Of Maung [Complete]Where stories live. Discover now