Part 21

8.4K 551 9
                                    

Unicode
(ဒီနေ့တော့ ဒီတစ်ပုဒ်ပါပဲရှင်)

ဂုဏ်ရှိန်မှာ အလုပ်သွားပေမယ့် ဗိုက်ကလေးကို စိတ်မချပဲဖြစ်နေတော့၏။ ပြီးတော့ ဒီနေ့ ဗိုက်ကလေးက ဆေးရုံသွားပြီး အလုပ်ထွက်ဖို့ စာရွက်စာတမ်းတွေနဲ့ လိုတာတွေလုပ်ဖို့ သွားနေသည်။ ဖေဖေနဲ့ပါးပါး ပါသွားပေမယ့် သူလည်းလိုက်ချင်တာကို အလုပ်မှာအရေးကြီးကိစ္စရှိလို့ မသွားလို့မဖြစ်။ ဖေဖေလည်း အစားထိုးသွားပေးလို့မရတဲ့ အခြေအနေမို့လို့ ဗိုက်ကလေးနောက်ကို ဖေဖေနဲ့ပါးပါး လိုက်သွားတာဖြစ်၏။

"ဗိုက်ကလေး"

(မောင် ညွှန်း ဒီမှာစာရွက်စာတမ်းတွေဖြည့်နေတယ်လေ၊ မောင် ဖုန်းဆက်တာ ၂ မိနစ်ခြားတစ်ခါဖြစ်နေပြီ"

"မောင် စိတ်ပူတယ်လေ"

(ပါးပါးနဲ့ဖေဖေ ပါလာတာကို ဘာကိုစိတ်ပူနေတာလဲ၊ ညွှန်းက ဆရာဝန်ဆိုတာ မေ့နေတာလား)

"မောင်လိုက်ခဲ့ချင်တာကို နောက်နေ့မှ သွားလို့ရတာကို"

(ကဲ မောင်၊ ညွှန်း ဒီမှာ ဒီရောက်လို့ အားလုံးပြီးတော့မယ်၊ ညွှန်းသွားရအုန်းမယ် ပါးပါးနဲ့ပြော)

ညွှန်း ပါးပါးကိုဖုန်းပေးလိုက်တော့သည်။ ဖေဖေရော ပါးပါးရောပါတယ်ဆိုတာကို စိတ်ပူနေတာ။ အရေးကြီးအစည်းအဝေး ရှိတယ်လဲပြောသေးတယ် ၂ မိနစ်ခြားတစ်ခါ ဖုန်းဆက်နေတာဖြစ်သည်။ ညွှန်း ဒီဘက်မှာအလုပ်ထွက်ဖို့ ဝင်တွေ့၊ မေးတာဖြေ၊ စာရွက်စာတမ်တွေဖြည့်နေတာ မောင် ဖုန်းဆက်နေတာနဲ့တင် အလုပ်မဖြစ်တော့ပေ။

ပိုးသားမှာ သားညွှန်းပေးလာတဲ့ ဖုန်းကို ဖြေနေရတော့သည်။ သားကလည်း သား။ သူနဲ့ကိုကိုပါလာတာကိုတောင် ဖုန်းကို မိနစ်အပိုင်းအခြားနဲ့ဆက်နေတာ။ ညွှန်းလေးမှာ စာရွက်စာတမ်းတွေမှာ ဖြည့်နေရင်း သားဖုန်းကို ဖြေနေရတာနဲ့တင်ကို အချိန်ကုန်နေတော့တာဖြစ်၏။

"လူဆိုးလေး ပါးပါး ပါတယ်၊ စိတ်မချမဖြစ်နဲ့၊ ဒီမှာမြန်မြန်ပြီးမှ အိမ်ပြန်နားလို့ရမှာပေါ့၊ သားက ဒီလိုလုပ်နေရင် အချိန်ကြာပြီး ညွှန်းလေးပင်ပန်းနေမှာပေါ့"

The Time Of Flower Is Blooming Because Of Maung [Complete]Where stories live. Discover now