Part 27

6.7K 433 8
                                    

Unicode

"ခစ်ခစ်ဝေါ"
"အောဝေါ ခစ်ခစ်"

ရေဇလုံထဲထည့်ကာ ရေချိုးပေးနေတဲ့ သားနှစ်ယောက်ဆီက ရယ်သံကြားနေရတာဖြစ်သည်။ သားတို့က အခုရယ်တတ်နေပြီဖြစ်ပြီး ရေချိုးရင်လည်း ထွားလွန်းတဲ့သားနှစ်ယောက်ကို လည်ပင်အရစ်တွေ လက်အရစ်တွေနဲ့ တင်ပါးကြားတွေကို သေချာ ရေနဲ့ဆေးပေးရသည်။ သားနှစ်ယောက်က ဝတုတ်ဖြူဖွေးနေတာဖြစ်သည်။

"မောင် သဘက်ယူခဲ့"

"လာပါပြီဗျာ၊ ဒယ်ဒီလာပြီ ဘယ်သူ့ကိုအရင်ခေါ်ရမလဲ"

"သားငယ်ကိုအရင်ခေါ်"

"ဟုတ်ပြီဗျာ၊ သားငယ်လေး ဒယ်ဒီ့ဆီကို အရင်လာမယ်ဗျာ"

ဂုဏ်ရှိန် အခုတော့ သားနှစ်ယောက်ကို ချီနည်းပေါင်းစုံနဲ့ချီတတ်နေပြီဖြစ်သည်။ သဘတ်နဲ့ထုတ်ကာ သားငယ်ကိုအရင်ချီပြီး အခန်းအပြင်ကိုထွက်လိုက်သည်။ ညွှန်းက သားကြီးကို သဘတ်နဲ့ထုတ်ကာ နောက်က ခေါ်လာ၏။ ရစ်နေတဲ့ အသားတွေကြားကို ရေစင်အောင်သေချာသုတ်ပေးရသည်။ ပြီးတာနဲ့ ပေါင်ဒါမှုန့်လေး လူးပေးရ၏။

"မွှေးသွားပြီ ဒယ်ဒီသားတွေ မွှေးသွားပြီ"

"ခစ်ခစ်"
"ခစ်ဝါးဝေါခစ်ခစ်"

မောင်နဲ့သားတို့ကို ညွှန်း သားတို့အဝတ်ထုတ်ရင်း ကြည့်ကာပြုံးလိုက်သည်။ ကုတင်ပေါ်မှာ တလုံးတစ်ခဲနဲ့သားနှစ်ယောက်ကို မောင်က ခြေဖဝါးလေးကို နှုတ်ခမ်းမွှေးရေးရေးနဲ့ပွတ်နေတာဖြစ်ပြီး သားတို့က တွန့်လိမ်ကာတစ်ခစ်ခစ်နဲ့ ရယ်နေတာ။ သားတို့ကြောင့် ညွှန်းမှာ မောင့်ကိုလည်း ဂရုမစိုက်နိုင်။ အရင်ဆို သူရိတ်ပေးနေကျ နှုတ်ခမ်းနဲ့မုတ်ဆိတ်မွှေးတွေက အခုတော့ တိုစိစိနဲ့ ပြန်ပေါက်နေသည်။ နှုတ်ခမ်းမွှေးတိုစိစိလေးတွေက ခြေဖဝါးကိုလာထိတိုက်ချိန်မှာတော့ သားတို့က မရယ်ပဲ မနေနိုင်ကြတော့ပေ။ နှုတ်ခမ်းမွှေးနဲ့ ပွတ်တိုက်ရုံတင်မဟုတ်ပဲ မောင်က သားတို့ခြေဖဝါးလေးကို ဆွဲယူပြီး နမ်းရှုံ့သည်။ သားတို့ ဂျိုးလေးကိုလည်း နမ်းသည်။ ဗိုက်ကိုလည်း မေးစေ့က တိုစိိစိအမွှေးနဲ့တိုက်၏။ သားတို့ဆိုတာ မောင်တို့ထိနေတဲ့အောက်မှာ တွန့်လိမ်နေတော့သည်။ သားတို့ဗိုက်လေးတွေဆိုတာ ပူတင်းနေ၏။

The Time Of Flower Is Blooming Because Of Maung [Complete]Where stories live. Discover now