အခန်း ၂

1.1K 130 0
                                    

Unicode

အခန်း .

" bonjour tout le monde~ "

ဂျယ်ယွန်းအတွက် ဒီပြင်သစ်ဘာသာစကား အတန်းက ငရဲခန်းနဲ့ တူသည် ။ ဒါပေမဲ့ အနောက်တိုင်း မျက်နှာကျမျိုးနဲ့ တူတယ်လို့ ဆိုတဲ့ ချီးကျူးစကားတွေရဲ့ နောက်မှာ ဂျယ်ယွန်းက ပြင်သစ်လူမျိုးအဖြစ် ပြဇာတ်က ဇာတ်ဆောင်ရဲ့ နောက်လိုက်လေး ဖြစ်သွားတော့သည် ။

သူ့လို ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်က ဘာများအထွန့်တက်ခွင့်ရှိမှာတဲ့လဲ ။ ပြင်သစ်စကားသင်တန်းကို ပျင်းတိပျင်းတွဲ ထိုင်ရင်း အချိန်ဖြုန်းနေတာလည်း မဆိုးဝါးလှပါဘူး ။ အနဲဆုံးတော့ ပြဇာတ်ရုံမှာ မီးမောင်းထိုးတဲ့ လူမလာလို့ဆိုပြီး သူအစားထိုး ဝင်ကိုင်ပေးစရာမလိုတော့တာပေါ့ ။

ဂျယ်ယွန်းက တကယ်တော့ မာနကြီးတဲ့ လူတော် ကောင်လေးတစ်ယောက်ပဲ ။ ဒါပေမဲ့ ဂျယ်ယွန်းက ကံကောင်းတဲ့ ကောင်လေးတော့ မဟုတ်ခဲ့ဘူးထင်သည် ။ ဘွဲ့မရခင် မိဘနှစ်ပါးလုံး လောကကြီးထဲက ထွက်သွားတဲ့အချိန်ဟာ ၁၉ နှစ်အရွယ်ကောင်လေးတစ်ယောက်အတွက်တော့ ဘဝတစ်ခုလုံး ကမောက်ကမရယ်နဲ့ ။ သူ့ကမ္ဘာမှာ သူပဲကျန်ခဲ့တာ မှီခိုစရာမရှိသလို ငဲ့ကွက်စရာလည်း မရှိတော့ဘူး ။

အသက်ရှင်ရမယ် ။ အနည်းဆုံးတော့ ဂျယ်ယွန်းက လူတော်တစ်ယောက်ပဲ ။ အခု ဂျယ်ယွန်း အသက် ၂၂ နှစ် ရှိပြီ ။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး
ပိုက်ဆံရှာနိုင်တဲ့ အရွယ်မို့လို့ အားငယ်စိတ်ကလေး နဲနဲမှတောင် မရှိနေဘူး ။

မာနကတော့ ဘာအရေးလဲ ။ ဂျယ်ယွန်းဘဝမှာ ပထမ ဦးစားပေးက ပိုက်ဆံပဲ ။ ပိုက်ဆံရှိမှ လူရာဝင်တဲ့နေထိုင်မှုဘဝအကြောင်းကို ဂျယ်ယွန်း ကောင်းကောင်းနားလည်နေပြီ ။

" tu es encore en retard "
( မင်း နောက်တစ်ခါ နောက်ကျပြန်ပြီ )

ဆရာရဲ့ ခပ်ဩဩ အသံနောက်မှာ ဂျယ်ယွန်း အသိပြန်ကပ်လာသည် ။ အတန်းထဲထိုင်နေပေမဲ့ စိတ်က ဒုတိယကမ္ဘာစစ် နောက်ခံနဲ့ ပြဇာတ်တစ်ပုဒ်ကို သူပုံဖော်နေခဲ့တာ ။

အဆောင်ပြန်ရောက်ရင် သင်္ချာဂဏန်းတွေနဲ့ စိတ်ရှုပ်နေလောက်မဲ့ အခန်းဖော်ကို ကုတင်အောက်ထိုင်ခိုင်းပြီး သူကတော့ ကုတင်ပေါ်ကနေသရုပ်ဆောင်ပြလိမ့်မည် ။ ဂျယ်ယွန်းက သူရဲ့ တစ်ဦးတည်းသော အမာခံ ပရိတ်သတ်ကိုတော့ ဘယ်တော့မှ စိတ်ပျက်စေလိမ့်မှာမဟုတ်ဘူးလေ ။

A sky fulls of scars [ Sungjake ] Where stories live. Discover now