Unicode
အခန်း ၁၃.၁
ဂျယ်ယွန်း ကမ္ဘာမှာ အမုန်းဆုံးက မောင်ဖြစ်သလို အတွယ်တာရဆုံးကလည်း မောင်ပဲဖြစ်တယ် ။
မယုံချင်စရာတော့ကောင်းပေမဲ့ သူဟာ သုံးနှစ်လုံးလုံး ညတိုင်း ပြိုလဲပျက်စီးနေခဲ့တာပဲ ။ ဘယ်သူမမြင်နိုင်မဲ့ အခန်းထောင့်မှာ ။ တစ်ခါတစ်လေ ရေချိုးခန်းထဲက ရေပန်းအောက်မှာ ။ ဒါမှမဟုတ် ပြဇာတ်ရုံရဲ့ အခန်းအို တစ်ခုထဲမှာ သူ အသံတိတ် ငိုကြွေးနေခဲ့မှာပဲ ။
မောင့်ကို သူလွမ်းတယ် ။ တစ်ဆက်တည်းမှာပဲ မမြင်ချင်လောက်အောင် မုန်းသေးတယ် ။
ရူးကြောင်ကြောင်နဲ့ အတွေးများတတ်တဲ့ သူဟာ မောင့်ကို ဆေးရုံမှာ ပြန်တွေ့တော့ ဘာမှမဖြစ်သလို ဟန်ဆောင်ခဲ့သေးတာ ။ မောင်က သူ့ကို ပွေ့ဖက်ပြီး ငိုရှိုက်လာတော့ အရာအားလုံးကို စွန့်လွှတ်ပြီး မောင့်ဆီ ပြန်သွားချင်ခဲ့တာ ။
အဲ့ဒီလိုမျိုး သူဟာ နှုတ်ဖျားကနေတော့ မောင့်ကို လွမ်းပါတယ်လို့ ဘယ်တော့မှ ဝန်ခံလာမှာမဟုတ်ဘူး ။ မောင်မရှိပဲ သူဟာ ကောင်းကောင်းမွန်မွန် နေနိုင်ပါတယ်လို့ မောင် ယုံသွားစေချင်တာ ။ မောင့်ကို သူ့မာနတွေနဲ့ အနိုင်ယူပြီး ကျောခိုင်းပစ်လိုက်ချင်တာ ။
သေဆုံးနေတဲ့ သူ့နှလုံးသားကိုတော့ မောင်မသိအောင် တိတ်တိတ်ကလေး ဟိုးအနက်ဆုံး တစ်နေရာမှာ မြှုပ်နှံထားလိုက်တော့မှာ ။
အကယ်၍ သူသာ တစ်ဖန် ပြန်ရှင်သန်ရအုံးမယ်ဆိုရင်တော့ တိမ်ဆိုင်တစ်ခုအနေနဲ့ ရှင်သန်သွားချင်တယ် ။ မောင်ရှိရာ အရပ်ကို သူလွင့်မျောပြီး နေထိုင်မယ် ။ သူ့အရိပ်အောက်မှာ မောင်က အေးချမ်းနေပြီး မိုးစက် မိုးပေါက်လေးတွေ အနေနဲ့ မောင့်ဆီ သူပျော်ဝင်မိတဲ့အခါက အပျော်ဆုံး အချိန်တွေပဲ ဖြစ်လိမ့်မယ် ။
တိမ်တွေက ဘယ်တော့မှ မသေဆုံးဘူး မောင် ။ ပျောက်ကွယ်သွားရင်တောင် ရေခိုးရေငွေ့တွေ အနေနဲ့ မောင့်ဆီ တစ်နေ့ ပြန်လာအုံးမှာ ။
အခန်း ၁၃.၂
" ဦးလေး ဒီကို ဆိုဂျူ တစ်ပုလင်းလောက် ချပေးပါအုံး "
YOU ARE READING
A sky fulls of scars [ Sungjake ]
Fanfictionstucking with you in this same, old, love again | 𝐏𝐚𝐫𝐤 𝐒𝐮𝐧𝐠𝐡𝐨𝐨𝐧 • 𝐒𝐢𝐦 𝐉𝐚𝐞𝐲𝐮𝐧 | Available in both Unicode & Zawgyi