အခန်း ၁၆

922 111 7
                                    

Unicode

အခန်း ၁၆.

အနီးကပ်လေး နေရတဲ့ အခိုက်အတန့်ဟာ ဘယ်လောက်တောင်မှ ကောင်းလိုက်သလဲ ။ ဝေးနေခဲ့ရတဲ့ အချိန်ကာလတွေ အားလုံးကို မျက်တောင်နက်နက်ကလေးတွေ ခြံရံထားတဲ့ မျက်ဝန်း အစုံက တိုက်စားသွားတာပဲ ။

" နေရတာ အဆင်မပြေရင် မောင့်ကို ပြောနော် "

မောင့်ရဲ့ ဂျယ်ယွန်းက တကယ် လူကြီးပေါက်စလေးလိုပဲ။ တစ်စက်ကလေးမှကို နာကျင်မှုကို ထုတ်ဖော်ပြဖို့ စိတ်ကူးမရှိဘူးလေ ။ ဒါပေမဲ့ တစ်ချက် တစ်ချက် စူးကိုက်လာတဲ့ ပခုံးရိုး တစ်လျှောက်က ဝေဒနာကြောင့် ပွင့်ဟလာတဲ့ နှုတ်ခမ်းဖူးဖူးကို ဒီ ဆရာဝန်လေးက သတိမထားမိပဲ နေမယ်တဲ့လား ။

နားထင်နားက ချွေးအေးလေးတွေကို လက်နဲ့ ဖွဖွ သုတ်ပေးတော့ မျက်နားကို အနားပိုတိုးပေးလာတဲ့ ဂျယ်ယွန်းက တကယ် ဆေးပဲ မှားစားမိထားသလို ။ လက်ဖဝါး နီနီကလေးကို အသာအယာဆုပ်ကိုင်တော့ အနှောင့်အယှက်ဖြစ်သွားမယ်လို့ ထင်ခဲ့ပေမဲ့ အားကိုးတကြီး ပြန်လည် ဖမ်းဆုပ်လာတဲ့ အပြုအမူလေးက တကယ်ကို အသည်းယားစရာပါ ။ ဒါ ဆောင်ဟွန်းကို ထပ်ပြီး တွန်းမထုတ်တော့ဘူးဆိုတဲ့ သဘောပဲမလား ။

သို့ပေမဲ့ ဒီလို စကားတစ်ခွန်းမှတောင် ဆိုဖော်မရပဲ သူ့လက်ကို ဆုပ်ကိုင်ကာ တွေတွေလေး ငေးမောကြည့်နေတဲ့ ဂျယ်ယွန်းရဲ့ ပုံစံက နာရီပိုင်းတောင် မခံခဲ့ပါ ။

" ဖေဖေ !! "

အခန်းထဲကို ဝင်လာတဲ့ ပါရဂူကြီးရဲ့ နောက်မှာ မင်ဂျူ အပြင် သူနာပြုဆရာမလေးတွေလည်း တန်းစီ၍ ပါသေးသည် ။ ကုတင်နားကို လျှောက်လာတဲ့ ထိုဆရာဝန်က မျက်နှာ ပေါ်တွင်လည်း နှစ်လိုဖွယ် အပြုံးတစ်ခုနှင့် ၊ ပါးတစ်ဖက်တွင်လည်း ပါးချိုင့်ရေးရေးတစ်ခုပါသေးသည် ။

" clavicle fracture နဲ့ ac joint ပါ ထိခိုက်သွားတာပါ.. ဆေးရုံအုပ် ။ ပြန်ကောင်းဖို့အတွက်ကတော့ ခန့်မှန်းချေ သုံးလလောက်ပါ.. လောလောဆယ်... "

ဖိုင်တစ်ခုကို ကိုင်ကာ တောက်လျှောက် ရှင်းပြပေးနေတဲ့ မင်ဂျူအစား ဆေးရုံအုပ်ပတ်ခ်ကတော့ ကုတင်ပေါ်က ဂျယ်ယွန်းကို တစ်လှည့် ဆောင်ဟွန်းကို တစ်လှည့် ဂရုဏာ မျက်လုံးတွေနဲ့ တောက်လျှောက်ကြည့်နေခဲ့တော့တာပါပဲ။

A sky fulls of scars [ Sungjake ] Opowieści tętniące życiem. Odkryj je teraz