အခန်း ၁၁

847 118 5
                                    

Unicode

အခန်း ၁၁


" ခနလေး ခနလေးပဲ မနာတော့ဘူးနော် "

" မငိုရဘူးလေ တိတ်တိတ် "

" မေမေ့လက်လေးကို ကိုင်ထားနော်.. ကိုကိုက ဒီခြေထောက်ကို မနာတော့အောင်လုပ်ပေးမလို့ "

ပြောပြီးတာနဲ့ လူနာရှင်ကို ဆောင်ဟွန်းက မျက်စိမှိတ်ပြီး အချက်ပြတော့ ထို အန်တီကြီးကလည်း ကလေးမလေးကို ဖက်ကာ ချော့မြှူ၍ အာရုံလွှဲနေသည် ။ နာ့စ်မလေး တစ်ယောက်ကလည်း ကလေးလေးက ဆောင်ဟွန်းဆီ အာရုံမရောက်သွားအောင် ကူညီ ကြိုးပမ်းပေးနေသည်လေ ။

" မေမေ တစ်ကနေ တစ်ဆယ်ထိ ရေမယ် အဲ့ဒါပြီးတာနဲ့ သမီးလေး မနာတော့ဘူး "

" ဟင့်.. တကယ်.. ဟင့် ..ပြောတာလား "

" ဒါပေါ့ "

" မေမေ စ,ရေမယ်နော်.. တစ်.. နှစ် .. "


အဆစ်လွဲသွားတဲ့ ခြေချင်းဝတ်ကို ကိုင်ထားတဲ့ ဆောင်ဟွန်းက ထိုရေရွတ်သံတွေကို ကြားသည့်အခါမှာတော့ နှလုံးသားတစ်ခုလုံး လေးပင်၍လာပါတော့သည် ။

တစ်စုံတစ်ယောက်ရဲ့ ကမ္ဘာငယ်ကနေ နံရံတွေ အခြားခံလိုက်ရတဲ့ သူဟာ အခုထိ ထိုမှတ်ဉာဏ်လှလှလေးတွေဆီကနေ မလွတ်မြောက်လာသေးဘူးလေ ။



" မောင် ငါ တစ်ကနေ တစ်ဆယ်ထိ ရေလို့မှ မင်းကုတင် ပေါ်တက်မလာသေးရင် ဟိုဖက်ခန်းထဲ သွားအိပ်တော့မှာ "

စာမေးပွဲကာလပတ်တွေမှာ ညလုံးပေါက် စာထိုင်ကြည့်တတ်တဲ့ သူ့ကို ဂျယ်ယွန်းက ချော့တစ်လှည့် ခြောက်တစ်
လှည့်နဲ့ ဂရုစိုက်ပေးခဲ့တာ ။


" တစ်ကနေ တစ်ဆယ်ထိ ရေပြီးလို့မှ ရေခဲမုန့် ဝယ်မကျွေးရင် ငါ ရေခဲမုန့် ဆိုင်က ဦးလေးကြီးနဲ့ပဲ ဒီမှာ နေခဲ့လိုက် တော့မှာနော် "

ရေခဲမုန့် ကားရှေ့မှာ ထိုင်ချလိုက်ပြီး ပါပီလေးလိုမျိုး မျက်လုံးတောက်တောက်တွေနဲ့ မော့ကြည့်တတ်တဲ့ ဒုက္ခသစ္စာလှလှလေးရဲ့ မူယာမာယာလေးတွေကိုလည်း သူလွမ်းသေးတာ ။


စိတ်ဆိုးချင်ယောင်ဆောင်ပြီး စကားမပြောတဲ့ နေ့တွေမှာဆိုလည်း အနားကနေ တစ်ကောက်ကောက်လိုက်ပြီး ချော့တတ်တဲ့ အရိပ်ကလေး မရှိတော့တာ သုံးနှစ်ကျော်သွားခဲ့ပြီ ။ ဆောင်ဟွန်းက ယနေ့ထိ အသားမကျသေး ။

A sky fulls of scars [ Sungjake ] Where stories live. Discover now