Unicode
အခန်း၂၀.၁
" ဆောင်ဟွန်း မထသေးဘူးလား "
ဒါ လေးခါမြောက်ခေါ်သံ ။ သူ့တိုက်ခန်းရဲ့ လျှို့ဝှက်နံပါတ်ကို သိနေတဲ့ မေမေက မပြောမဆိုပဲ ရောက်လာပြီးတော့ စိတ်တိုင်းကျလုပ်ချင်သလို လုပ်တတ်တယ် ။
သူ့ ဘဝကိုလည်း ဒီအမေပဲ စိတ်တိုင်းကျ ခြယ်လှယ်ခဲ့တာပဲ ။ မိဘတွေက သားသမီးအပေါ်မှာ ထားတဲ့ မေတ္တာဟာ လှပပြီး အတ္တတွေဟာလည်း အဖြူရောင်ပါပဲ ။ ဒါပေမဲ့ ဂုဏ်အဆင့်အတန်းတွေကို တန်ဖိုးထားတတ်လွန်းတဲ့ မေမေ့ရဲ့ အတ္တတွေကိုတော့ သူမုန်းပါတယ် ။
အဲ့ဒီလို အရောင်ပါတဲ့ အတ္တတွေကို သွေးထဲစီးဆင်းစေပြီး ကိုယ်ချစ်ရတဲ့သူကိုထိရင် ဆတ်ဆတ်ခါအောင် နာတတ်တဲ့ သူ့လိုသားကလည်း မုန်းစရာပဲ ။
" ဆေးရုံအုပ်ရဲ့ သားက ဒီလိုဖြစ်နေတာ ကြားလို့တောင် မကောင်းဘူး မင်းရုပ်လည်း မင်းပြန်ကြည့်အုံး "
" ပြီးတော့ ရှင်းမ်ဂျယ်ယွန်းနဲ့ ပြန်တွေ့နေတယ်ဆို.. ဆေးရုံမှာ မင်းက စောင့်ပေးတယ်ဆိုတာ ဟုတ်လား "
ဟုတ်တယ်လို့ ပြောရင် မေမေဘာလုပ်လောက်သလဲ ။ ဂျယ်ယွန်းကို သွားတွေ့ပြီး လွန်ခဲ့တဲ့ နှစ်တွေကလို ပိုက်ဆံစကားပြောမလား ။ ဝမ်းနည်းတတ်တဲ့ သူ့ချစ်သူကို မေမေနဲ့ ထိပ်တိုက်ပေးတွေ့လို့ မဖြစ်နိုင်ဘူးဆိုတဲ့ အချက်က အတော့်ကို အောင့်သက်သက်နိုင်ပါတယ် ။
" ဒီမှာ.. ဆောင်ဟွန်း မင်းသူ့ကို ထပ်ချစ်လို့ မရဘူး "
ဘာလို့လဲ ။
သူ လှဲနေရာကနေ ထပြီး မေမေရှေ့ကို ချက်ချင်းသွားရပ်လိုက်တယ် ။ လှမ်းလိုက်တဲ့ ခြေလှမ်းလေး လေးငါးလှမ်းက သူ အသက်ရှုတွေမြန်လာဖို့ အလုံအလောက်ပဲ ။ ဒေါသနဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ လက်သီးဆုပ်ကလည်း တင်းနေတာမို့ လက်ဖျားလေးတွေက နီရဲလာတယ် ။
" ဘာလို့မရတာလဲ "
" ကျွန်တော် ဘယ်သူ့ကို ချစ်ရမယ် မချစ်ရဘူးကို မေမေက ဘာလို့ ဆုံးဖြတ်ပေးနေတာလဲ "
" ငါက မင်းအမေမို့လို့လေ.. "
မေမေ့ရဲ့ မျက်လုံးတွေ တည့်တည့်ကို စိုက်ကြည့်ပြီး တုန်ရီလာတဲ့ သူက ဒီလိုနေရာတွေမှာ သတ္တိနည်းတယ် ။ မေမေ့ကို သူ့ဘဝတစ်လျှောက်လုံး လွန်ဆန်နိုင်တာမရှိခဲ့ဘူးပဲလေ။ မျက်တောင်မခတ်စိုက်ကြည့်နေတဲ့ မေမေ့ရဲ့ အကြည့်စူးစူးတွေက သူ့ကို ပြောစရာစကားတွေ မဲ့သွားစေတာပဲ ။
YOU ARE READING
A sky fulls of scars [ Sungjake ]
Fanfictionstucking with you in this same, old, love again | 𝐏𝐚𝐫𝐤 𝐒𝐮𝐧𝐠𝐡𝐨𝐨𝐧 • 𝐒𝐢𝐦 𝐉𝐚𝐞𝐲𝐮𝐧 | Available in both Unicode & Zawgyi