Unicode
အခန်း ၁၉.၁
" ဆရာမ.. ဒေါက်တာ ရောက်ပါပြီ "
ဆိုင်ထဲကနေ မပြောမဆို ထထွက်သွားတဲ့ ဂျယ်ယွန်းနောက်ကို သူလိုက်သွားဖို့ လုပ်တုန်း ဆေးရုံက ဖုန်းက အရိပ်အခြည်မသိစွာပဲ ဝင်လာတယ် ။ မနေ့က ခွဲစိတ်ပေးထားတဲ့ အဘွားက ချုပ်ရိုးထဲ ပိုးဝင်တယ်တဲ့ ။
" ဘယ်လို ဖြစ်တာလဲ "
" အခု အရေးပေါ်ခန်းထဲမှာပါ..ဒေါက်တာ ကင်မ်က အစားဝင်ပေးနေပါတယ် "
ဆောင်ဟွန်းစိတ်တွေ အရမ်း လေးလံ ထွေပြားနေပြီ ။ ကမန်းကတန်း ထလာရတာမို့ ဝတ်ထားဆဲဖြစ်တဲ့ အနောက်တိုင်းအင်္ကျီက အင်မတန်ကိုမှ အသက်ရှုကျပ်စရာကောင်းတာပါပဲ ။
" ငါ အကူဝင်လိုက်မယ် "
" မဟုတ်ဘူး.. ငါသွားလိုက်မယ် "
ရယ်ဆောလ်က သူ့လက်ကိုဆွဲပြီး အစားဝင်ပေးဖို့ လုပ်တယ် ။ တစ်လမ်းလုံး သူ့မျက်နှာ အရိပ်အကဲကိုပဲ မျက်ခြေမပြတ်လိုက်ကြည့်နေတဲ့ ရယ်ဆောလ်ကလည်း တစ်ခုခုကို မလုံမလဲဖြစ်နေပုံ ။
" ဒေါက်တာ.. အဘွားက ရောဂါ အခံရှိတာထင်တယ်.. အစောပိုင်းကတည်းက သွေးခုန်နှုန်းက မမှန်နေတာ "
" အဲ့ဒါကို ဘာလို့ ငါ့ကို စောစော ဖုန်းမဆက်တာလဲ "
" ဒေါက်တာကိုယ်တိုင်ပဲ ဒီညနေ appointment တွေအကုန်လုံးကို မနက်ဖြန်ကို ရွှေ့ထားပေးလို့ မှာထားခဲ့လို့ပါ "
ဟုတ်တယ်.. ဒီညနေ ဂျယ်ယွန်းနဲ့ တူတူ ရှိနေပေးဖို့ စိတ်ကူးပြီး အရေးကြီးတဲ့ လူနာတွေအကုန်လုံးကို မနက်ပိုင်းမှာ ကြည့်ပေးခဲ့ပြီး ကျန်တာတွေကို မနက်ဖြန်ကို ရွှေ့ဖို့ ဆောင်ဟွန်း ကိုယ်တိုင်မှာခဲ့တာ ။ အဘွားကလည်း မနက်ကထိ အဆင်ပြေပြေရှိနေတာမို့ သူစိတ်ချလက်ချပဲ ထားခဲ့တာ ။
" အခု အုပ်ထိန်းသူတွေကို - "
မှာကြားလက်စ စကားမဆုံးခင်မှာပဲ အရေးပေါ်အခန်းတံခါး ပွင့်လာတာမို့ ဆောင်ဟွန်း ထိုနားကို အပြေးသွားမိပြန်တယ် ။ ဒေါက်တာ ကင်မ်ရဲ့ မျက်နှာ အနေအထားကတော့ အေးစက်စက်ပါပဲ ။
YOU ARE READING
A sky fulls of scars [ Sungjake ]
Fanfictionstucking with you in this same, old, love again | 𝐏𝐚𝐫𝐤 𝐒𝐮𝐧𝐠𝐡𝐨𝐨𝐧 • 𝐒𝐢𝐦 𝐉𝐚𝐞𝐲𝐮𝐧 | Available in both Unicode & Zawgyi