အခန်း ၁၈

875 107 14
                                    

Unicode

အခန်း ၁၈.

" အဲ့လိုဆို ကျွန်တော် အရင်ပြန်နှင့်ပါမယ် "

" ဒီနေ့လည်း အားလုံး တာဝန်ကျေသွားပါပြီ "

ညနေကျရင် မောင်နဲ့ အတူတူ ညနေစာစားဖို့ လုပ်ထားတာမို့ ဂျယ်ယွန်း အလုပ်ထဲမှာပါ ရွှင်မြူးနေသည် ။ မောင်ကလည်း အလုပ်များသလို သူကိုယ်တိုင်လည်း မအားလပ်တဲ့အချိန်က များတာကြောင့် နှစ်ပတ်လည်နေ့တွေကိုတောင် တစ်နေကုန် အတူတူမရှိဖြစ်ခဲ့ကြတာ ။

ဒီနေ့က မောင်နဲ့ သူ့ရဲ့ ငါးနှစ်မြောက် နှစ်ပတ်လည်နေ့ ။

မှာထားတဲ့ ကိတ်ကို ဝင်ယူရမှာဖြစ်လို့ ဂျယ်ယွန်း ပစ္စည်းတွေ အကုန် ဒီတိုင်းအိတ်ထဲ ဖြစ်သလို ကောက်ထည့်၍ ပြဇာတ်ရုံ၏ အဝတ်လဲခန်းအပြင်သို့ ခပ်သုတ်သုတ်ထွက်ခဲ့သည် ။

အပြင်ရောက်ရောက်ချင်း ခြေလှမ်းတွေတုံ့ခနဲဖြစ်သွားခြင်းနဲ့ အတူ ရုတ်တရက် အေးစက်လာတဲ့ ပတ်ဝန်းကျင်အနေအထားမှာ ဂျယ်ယွန်း ကိုယ့်ပုံစံကို အလျင်အမြန် ငုံ့ကြည့်မိသည် ။ ဖြစ်ပြန်ပြီ ။ သူ မောင့်မေမေရှေ့မှာ ရှက်စရာကောင်းတဲ့ မသပ်မရပ်ပုံနဲ့ ခြေစုံရပ်နေမိပြန်ပြီ ။






မျက်နှာချင်းဆိုင် ထိုင်လိုက်တာနဲ့ တစ်လမ်းလုံး စဉ်းစားလာတဲ့ စကားစုတွေဟာ ကြက်ပျောက်ငှက်ပျောက်ပဲ ။ အကြောက်တရားနဲ့ သိမ်ငယ်ခြင်းတွေက မောင့်မေမေရှေ့မှာ ရုပ်လုံးပေါ်ထကြွလာတာဟာ တကယ်ကို သိပ်ကြည့်ရဆိုးတာ ။

သက်ပြင်းမောကို မသိမသာချတယ် ။ ကြိုးကြိုးစားစား အသက်ကို ရှိုက်ပြီး မောင့်အမေကို ပြုံးပြတဲ့အခါ တည်တံ့နေတဲ့ မျက်နှာဟာ မပြောင်းမလဲ ။ တုန်ရီလာတဲ့ လက်ဖျားလေးတွေက မျက်စိရှေ့က ကော်ဖီခွက်ကို ကိုင်ဖို့ အတော်ကို အားစိုက်ရတယ် ။

" အဲ့တော့ မင်းတို့က နောက်နှစ် လက်ထပ်ဖို့ စဉ်းစားထားတယ်ပေါ့ "

" ဟုတ်- ဟုတ်ပါတယ် "

" လက်မထပ်လည်း အခု အတူတူနေနေတာပဲမလား.. ဆောင်ဟွန်းဝယ်ထားတဲ့ တိုက်ခန်းမှာ "

A sky fulls of scars [ Sungjake ] Where stories live. Discover now