အခန်း ၅

931 123 4
                                    

Unicode

အခန်း .

" ဂျယ်ယွန်း "

"ကျွန်တော်တို့က.. ဘာတွေလဲ "

အတူတူယှဉ်တွဲလျှောက်လာခဲ့တဲ့ ပလက်ဖောင်းဘေး တစ်လျှောက်မှာတော့ နီမွန်ပန်းအချို့က နေစောင်းပြီမို့ ဖူးငုံစပြုနေပြီဖြစ်သည် ။ဦးခေါင်းထက်မှာ တစ်လွင့်လွင့်ကြွေကျ လာနေတဲ့ ရွက်ဝါတွေကတော့ နွေဦးရောက်လာပြီဖြစ်ကြောင်း နွေလေပြေနဲ့ သူ့ထံသို့အမှာပါးသည် ။

" ဆောင်ဟွန်းက ဘယ်လိုထင်လို့လဲ "

သူ့ဆီကနေ ဘောပင်ငှားရေးခဲ့တဲ့ သူဌေးသား ဆရာဝန်လောင်းလေးက တစ်ပတ်တွင် သုံးရက်သာတက်ရသည့် ပြင်သစ်အတန်းချိန်တိုင်း ဂျယ်ယွန်း ကျောကိုတို့၍ ဘောပင်ငှားတတ်တဲ့ အကျင့်တစ်ခု ရလာသည် ။

ညနေ အိမ်ပြန်ချိန်တိုင်း ဓာတ်လှေကား အပေါက်ဝကနေ လက်ပြနှုတ်ဆက်တာထပ် သင်တန်းနဲ့ လေးပြလောက်သာဝေးတဲ့ ဂျယ်ယွန်း၏ ကွန်ဒိုအောက်သို့ လိုက်ပို့တတ်တဲ့ အဆင့်ထိလည်း ပိုလာသည် ။

" ဆောင်ဟွန်းက ဘယ်လိုသတ်မှတ်ချင်လို့လဲဟင်.. အတန်းဖော်ဆိုတာထက်တော့ ကျွန်တော်တို့က ပိုတယ်မလား "

" ဆောင်ဟွန်းက မိတ်ဆွေလို့ သတ်မှတ်ရင် မိတ်ဆွေပေါ့.. ဒါမှ မဟုတ် ညီအကိုဆိုတော့လည်း ညီအကိုပေါ့ "

" ဂျယ်ယွန်းကရော တကယ်ပဲ အဲ့လိုထင်လို့လား "

ခပ်ထေ့ထေ့ရယ်သံနဲ့ အတူ ဆောင်ဟွန်းက မေးခွန်းထုတ်လာသည် ။ ဆက်ဆံရေးတစ်ခုကို ခေါင်းစဉ်တပ်ချင်နေတာ သူပဲမဟုတ်လား ။ ဘာအကြောင်းကြောင့် ဂျယ်ယွန်း အဖြေကို လှောင်ရပါသလဲ ။

" အိမ်ပြန်ချိန်တိုင်း ကျွန်တော်သွားရမဲ့ မှတ်တိုင်နဲ့ ဆန့်ကျင်ဘက်လမ်းကို ဂျယ်ယွန်းနဲ့ တူတူ လမ်းလျှောက်ပြီး.. ကွန်ဒိုအထိ လိုက်ပို့တာက ကျွန်တော့် အချိန်တွေ ပိုနေလို့ပေါ့လေ ဟုတ်လား "

ဘေးတိုက်လျှောက်လာရင်းနဲ့ ဂျယ်ယွန်း ဆောင်ဟွန်းကို မျက်စောင်းလှမ်းထိုးမိသည် ။ ဘယ်သူကရော လိုက်ပို့ပါလို့ တောင်းဆိုမိလို့လဲ ။ အငယ်တွေများ တရားကျဖို့ကောင်းလိုက်တာ.. အခုတော့ သူက ဆေးကျောင်းသားလေးရဲ့ အဖိုးတန် အချိန်တွေကို ခိုးယူမိတဲ့ လူကြီးဖြစ်သွားရသည်။

A sky fulls of scars [ Sungjake ] Where stories live. Discover now