အခန်း ၄

933 131 1
                                    

Unicode

အခန်း .

ပါးစပ်ထဲသို့ ဝင်လာသည့် လီမွန်တီး ချဉ်စူးစူး အရသာကြောင့် ဂျယ်ယွန်း၏ နောက်ကျိနေသည့် စိတ်အစဉ်က အနည်းငယ် အနည်ထိုင်သွားသည်။

အိမ်တွင် အေးဆေးထိုင်၍ ဇာတ်ညွှန်းတွေကို အပြီးသတ်နေရမဲ့ ဂျယ်ယွန်းက အမြန်စားသောက်ဆိုင်တစ်ခုထဲတွင် လီမွန်တီးသောက်နေရခြင်းက ဘေးတွင် ဟော့ဒေါ့ကို အားရပါးရစားနေသည့် ဂျုံဆောင်းကြောင့်ပင်ဖြစ်သည်။

" မင်းရော ဘာမှမစားတော့ဘူးလား "

ပြောပြောဆိုဆို ဂျယ်ယွန်း ပါးစပ်နားကို သူကိုက်ပြီးသား ဟော့ဒေါ့တစ်ခု လာထိုးပေးတဲ့ ဂျုံဆောင်းက သပ်သပ်မဲ့ ဂျယ်ယွန်း၏ စိတ်ရှည်သည်းခံနိုင်စွမ်းကို စမ်းသပ်နေတာနဲ့ တူသည်။

ဘာစကားမှ မပြောပဲ ခပ်စူးစူး စိုက်ကြည့်ပေးလိုက်တော့ လက်ကို အသာရုတ်၍ သူ့ဘာသာသူ ဆက်စားနေသည်။ လက်နှစ်ဖက်နဲ့ ကိုင်၍ စားနေသည့် ဟော့ဒေါ့ရဲ့ ဆော့စ်က ဂျုံဆောင်း၏ နှာခေါင်းပေါ်တွင် ပေကျံရစ်ခဲ့သည်။

ဂျယ်ယွန်းကတော့ ရီချင်ပက်ကျိ နဲ့ တစ်ရှုးတစ်ရွက်ထုတ်၍ ဘေးတိုးသွားပေမဲ့ အနားသို့ ရောက်လာသည့် အသံတစ်ခုကြောင့် အထမမြောက်လိုက်ရ။

" လူနာ ပတ်ဂျုံဆောင်း "

သူရော ဂျုံဆောင်းရော အသံလာရာကို ပြိုင်တူကြည့်လိုက်ပေမဲ့ ပိုပြီး အံ့အားသင့်သွားသူက ဂျုံဆောင်းဖြစ်သည် ။

" ဒေါက်တာ "

ဂျယ်ယွန်းက တစ်ရှုးလေး လေထဲမှာတန်းလန်းနှင့် ထိုမိန်းကလေးကိုတစ်လှည့် ဂျုံဆောင်းကို တစ်လှည့်ကြည့်သည် ။ ဒါ ဂျုံဆောင်းပြောတဲ့ ဒေါက်တာမလေး ဖြစ်ရမည် ။

မျက်စိရှေ့တွင် မြင်နေရသည့် ဆရာဝန်အမျိုးသမီးလေးက အင်မတန်လှသည်။ ဆံပင်ကို စု၍ သပ်သပ်ရပ်ရပ်လေး စည်းထားခြင်းက ငယ်ရွယ်နုပျိုသော မျက်နှာကို ပိုပေါ်လွင်စေသည် ။ ခပ်ပါးပါးသာ ခြယ်မှုန်းထားသော မျက်နှာသွယ်သွယ်က စိတ်အေးချမ်းမှု အသွင်ကို ဆောင်သည် ။

A sky fulls of scars [ Sungjake ] Where stories live. Discover now