Unicode
အခန်း ၇.၁
လူတစ်ယောက်လုံးကို အရှေ့ထား၍ ပတ်ဂျုံဆောင်းဟုသည့် အမည်ကို ခနတိုင်း ရေရွတ်နေသည့် ကောင်လေးကို ပြန်မြင်ယောင်တော့ ဆောင်ဟွန်းက သူရဲ့ အနက်ရောင်ဆံပင်တွေကို ခပ်ကြမ်းကြမ်း ဆွဲဖွလိုက်သည် ။
စိတ်ခံစားချက်ကို သိုဝှက်ရာမှာ ညံ့ဖျင်းတဲ့ သူ့အမူအရာကြောင့် ဂျယ်ယွန်းက အထင်လွဲသွားမှာကို စိုးသည် ။ အလျင်အမြန်ထွက်သွားတဲ့ ကောင်လေးက သူ့ရဲ့ စိုးထိတ်မှုတွေနဲ့ မနာလို ဝန်တိုစိတ်တွေကို ဒေါသဟုပဲ ထင်သွားလောက်သလား ။
ဒေါသထွက်မိသွားတာတော့ မှန်ပေမဲ့ ဂျယ်ယွန်းကို သူနည်းနည်းလေးမှပင် စိတ်မဆိုးရက်ပါ ။ သုံးရက်လောက် မမြင်ရသည့် မျက်နှာလှလှကလေးကို တွေ့လို့ အံ့ဩသွားတာထက် နမော်နမဲ့နဲ့ လူကို ဝင်တိုက်တဲ့ ဟန်ရယ်ဆောလ်ကြောင့် စိတ်ရှုပ်သွားတဲ့ မျက်နှာက ပို၍ သိသာသွားခဲ့လေသလား ။
" ဆောင်ဟွန်း "
" ဆောင်ဟွန်း " ပခုံးကို ခပ်ဆတ်ဆတ်လာတို့တဲ့ အထိအတွေ့ကြောင့် ရှုပ်ထွေး ပျံ့လွင့်နေတဲ့ စိတ်အာရုံအချို့ကို အလျင်အမြန် စုစည်းလိုက်ရသည် ။
" ဘာတွေတွေးနေတာလဲ.. "
" ဘာမှ.. "
" မှင်ကတောင် စာရွက်ကို ဟိုဖက်ပေါက်နေပြီ ဘယ်ကို လာလိမ်ဖို့ ကြိုးစားနေတာလဲ "
ခပ်အီအီအသံနဲ့ ပြောလာတဲ့ ရယ်ဆောလ်ရဲ့ စကားကို ဘေးက သူငယ်ချင်းအချို့က မျက်လုံး အသာလှန်ကြည့်၍ လုပ်လက်စ စာကိုသာ ဆက်လုပ်နေကြသည် ။ ဟန်ရယ်ဆောလ်နဲ့ ပတ်ဆောင်ဟွန်းရဲ့ ဒီလို ပုံစံက ရိုးအီနေတဲ့ မြင်ကွင်းတစ်ခုထပ်မပိုတာကြောင့်လေ ။
" ဒီတိုင်း စိတ်ရှုပ်နေလို့ "
ဂျယ်ယွန်းထွက်သွားပြီးကတည်းက ကော်ဖီဆိုင်ထဲတွင် စာထိုင်လုပ်နေခဲ့သည်မှာ ညနေစောင်း၍ နေရိပ်ပင်မရှိတော့ချေ ။ ဆောင်ဟွန်းကတော့ စာထိုင်လုပ်သည်ဆိုတာထပ် အတွေးပင်လယ်နက်နက်ထဲ လက်ပစ်ကူးနေခြင်းသာ။
" စိတ်ရှုပ်စရာတွေ ရှိရင် ဒို့ကိုပြောပြလေ.. နားထောင်ပေးမယ် "
YOU ARE READING
A sky fulls of scars [ Sungjake ]
Fanfictionstucking with you in this same, old, love again | 𝐏𝐚𝐫𝐤 𝐒𝐮𝐧𝐠𝐡𝐨𝐨𝐧 • 𝐒𝐢𝐦 𝐉𝐚𝐞𝐲𝐮𝐧 | Available in both Unicode & Zawgyi