အခန်း ၁၂

918 110 0
                                    

Unicode

အခန်း ၁၂ .


" မောင် ဒါ နှုတ်ခမ်းနီရာတွေ "

သူတို့ နှစ်ဦးရဲ့ ပုံပြင်မှာ ချစ်ခြင်းမှတ်တိုင်တွေ ဇောက်ထိုးကျခြင်းက လေးနှစ်မြောက်နှစ်ပတ်လည်ရဲ့ နောက်ပိုင်းနေ့တွေက စတင်တယ် ။

အင်မတန်မှ စေ့စပ်သေချာပြီး အသန့်ကြိုက်ပါတယ်ဆိုတဲ့မောင့်ရဲ့ ဂျူတီကုတ်လက်အဖျားမှာ နှုတ်ခမ်းနီရာ တစ်စွန်းတစ်စတွေ့ခြင်းက ဂျယ်ယွန်းရဲ့ ဦးနှောက်လုပ်ဆောင်မှုတွေကို ရပ်တန့်သွားစေတာပဲ ။

" ကျစ်.. အဲ့ဒါ ဟန်ရယ်ဆောလ် "

" မောင် သေချာပြော "

အကြောင်းရင်း သေချာမသိပဲ ရန်ရှာရအောင် ဂျယ်ယွန်းက သူငယ်နှပ်စား ကလေးငယ်လေးလည်း မဟုတ်ပါ ။ လေးနှစ်ဆိုတဲ့ အချိန်ကာလကိုလည်း တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေနဲ့ တည်ဆောက်ထားခဲ့တာပဲမို့လို့ ။

" အဲ့ဒါ ချော်လဲလို့ မောင်က ထိန်းပေးမိရုံပါပဲ.. မနေ့က မောင်တို့ ဂျူတီ အတူတူကျတာလေ .. မောင် ထိန်းပေးလို့ပေါ့.. အဲ့ဒါတောင် ခြေချင်းဝတ်ခေါက်သွားသေးတာ "

စာကြည့်စားပွဲမှ ထလာပြီး အကျိုးအကြောင်းရှင်းပြနေတဲ့ ဆောင်ဟွန်းကလည်း သူကိုယ်တိုင် ထိုကိစ္စကြောင့် စိတ်ရှုပ်နေပုံ ။

" ဂျူတီကျဖို့ကလည်း တစ်ခြားလူ မရှိတော့ဘူးလား တကယ်ပါပဲ "

" အောဟော.. လက်စသတ်တော့ မောင့် ဂျယ်ယွန်းက သဝန်တိုနေတာပဲ ပြပါအုံး ကြည့်ရအောင် အဲ့နှုတ်ခမ်းနီအရာကို "

" ဒီမှာ ရော့ ကြည့်.. ပြီးရင် ကိုယ့်ဘာကိုယ် လျှော် "

ဂျူတီကုတ်ကို ဆောင်ဟွန်း မျက်နှာ တည့်တည့်ကို ပစ်ပေးကာ ရေချိုးခန်းထဲက ထွက်သွားသည့် ဂျယ်ယွန်းက အစောကတော့ စိတ်မကောက်ဖို့တွေးထားတာ သေချာပါသည် ။ ဒါပေမဲ့ မောင်က စလျှင် ပြန်ရစ်ချင်သည့် ဉာဉ်ဆိုးကလေးက ရှိနေပြန်တော့ အချော့ခံချင်သေးသည် ။

" ဂျယ်ယွန်းရာ ဘာလို့ ကလေးလို လုပ်နေတာလဲ "

" ဘယ်သူက ကလေးလိုလုပ်နေလို့လဲ သွားစမ်းပါ "

A sky fulls of scars [ Sungjake ] Where stories live. Discover now