Part-1

2K 86 1
                                    

Zawgyiသမားတှအေောကျဆုံးမှာကွညျ့ပေးနောျ

ကျိုးရန်ဟာအခုအခြေအနေတွေဟာပုံမှန်မဟုတ်ဘူးဆိုတာကိုသိရှိသွားခဲ့တယ်။

သူမဟာရှေးကျတဲ့ အခန်းတစ်ခန်းအတွင်း အစိမ်းရောင်၀တ်စုံကို၀တ်ဆင်ထားပြီးတော့လှပပြီးထူးခြားတဲ့အခန်းထဲက မွေ့ရာပေါ်မှာ တရားထိုင်နေသလို ကြာပန်းပုံစံဖြင့် ထိုင်နေခဲ့တယ်။

(T/N- ကြာပန်းပုံစံဆိုတာ ခြေချိတ်ပြီး ကျင့်ကြံနေတဲ့အနေအထားကိုပြောတာပါ)

သူမ မနေ့ညက ပုံကြမ်းဆွဲတာ အချိန်လွန်ပြီးတော့ အိမ်ပြန်ရောက်တော့ ရေချိုးပြီးမှအိပ်ဖို့ မေ့သွားတာတော့ မဟုတ်ပါဘူးနော်?

ဒီလက်တွေက အရမ်းကို ဖြူဖွေးပြီး နူးညံ့လွန်းတယ်။ သူမလက်‌တွေလို့တောင်မထင်ရဘူး။

သူမဟာ သူမရဲ့ဒူးပေါ်တင်ထားတဲ့ ပိန်သွယ်နေတဲ့လက်ကိုကြည့်ပြီး လေ့လာနေခဲ့တယ်။ ရုတ်တရက် တံခါးခေါက်သံတစ်ချက် ထွက်ပေါ်လာတယ်။

"ဒေါက်.. ဒေါက်..ဒေါက်.."

ကျိုးရန်ဟာလန့်ပြီး ထဖို့ကို ၀န်လေးနေခဲ့တယ်။ အသက်သုံးချက်ရှိုက်ပြီးသူ့ကိုယ်သူပြင်ဆင်ပြီးနောက်မှာတော့ တံခါးကိုဖွင့်လိုက်တယ်။

တံခါးအပြင်ဘက်မှာ ခဲစိမ်းရောင် တာအို၀တ်ရုံကို ဝတ်ဆင်ထားတဲ့ အသက်သုံးဆယ်ကျော်လောက် ရှိမယ့် အလွန်ကြည့်လို့ကောင်းတဲ့ အစ်ကိုကြီးတစ်ယောက်ကိုတွေ့လိုက်ရတယ်။သူဟာသူမကိုပြုံးပြရင်း ပြောတယ်။

"လျောင်ရှစ်မိန့် ၊ ဆရာက ညီမလေးကို ဝါးရုံဥယျာဉ် ကိုလာဖို့ ခေါ်ခိုင်းလိုက်တယ်"

လျောင်ရှစ်မိန့်? ဆရာ?
ဝါးရုံဥယျာဉ်? ဘာတွေလဲ?

ငါကူးပြောင်းလာတာလား? ကူးပြောင်းလာတာဆိုရင်လဲ ဘာလို့မှတ်ဉာဏ်တွေပါမကူးပြောင်းသွားတာလဲ? ပြီးတော့ ဘာလို့ငါ့ကိုပြောပြပေးမဲ့ 'ဒင်' ကြိုဆိုပါတယ် host ဘာညာဆိုတာမရှိတာလဲ သေလိုက်ပါတော့။ငါ သေသွားတာတော့မဟုတ်သေးဘူးမို့လား။

"အမ်...ရှစ်ရှုန်း?"

ကျိုးရန်ဟာကြားဖူးနားဝ ဇာတ်ကားထဲကအသုံးအနှုန်းနဲ့ မဝံ့မရဲခေါ်လိုက်တယ်။
အကိုကြီးကညင်သာစွာပြောတယ်။

ကူးပြောင်းလာပြီးနောက် ဆရာ့အားငါးဆားနယ်ဆက်သခြင်း( completed)Donde viven las historias. Descúbrelo ahora