Part-11

296 13 1
                                    

Chapter-11

ယွင်ရှီးယွဲ့ဟာ သူမရဲ့ခေါင်းကိုညွှတ် လိုက်ပြီး ညင်သာစွာပြောလေသည်

" တပည့်တို့က ဆရာသခင့် ကိုအလုပ် အကျွေးပြုဖို့ ရောက်ရှိနေတာပါ"

စစ်မာကျောင်းဟာသူမထံသို့ လမ်းလျှောက်လာ၏။ သူ့ရဲ့ ၀တ်ရုံရှည်ဟာ တရွတ်တိုက်ဆွဲနေသည်မှာ မြွေရဲ့အမြီးကဲ့သို့ပင်၊ သူ့ရဲ့မျက်လုံး တွေဟာလည်း မြွေမျက်လုံးများ ကဲ့သို့ပင် အေးစက်နေလေ၏။

ယွင်ရှီးယွဲ့၏ခန္ဓာကိုယ်ဟာ တောင့်တင်းသွားသော်လည်း ဘာမှ ထူးဆန်းမှုမရှိသည့်ပုံဖြစ်စေရန် ကြိုးပမ်းနေသည်။ စစ်မာကျောင်းက သူရဲ့လက်ကိုဖြည်းညင်းစွာဆန့်ထုတ် ပြီးနောက် ထပ်မေးလေသည်

" မင်းတို့ဒီကိုဘာလုပ်ဖို့ ရောက်လာ ကြတာလဲ?"

ယွင်ရှီးယွဲ့ဟာ မထိန်းချုပ်နိုင်တော့ဘဲ သူမရဲ့ ပါးစပ်ကိုဖွင့်လျက် ယခင်ကနှင့် လုံး၀မတူသော အဖြေကိုဖြေလိုက် သည်

" ကျွန်မကဒီကိုဆရာသခင်ရဲ့ ကိုယ်လုပ်တော်အဖြစ်နေဖို့ ရောက် လာတာပါ၊စစ်မာမိသားစုရဲ့သွေးတွေ စီးဆင်းနေတဲ့ ကလေးတစ်ယောက် ရရှိဖို့ပါ၊ စစ်မာမိသားစုရဲ့သွေးက တခြားဂိုဏ်းနဲ့သွေးနှောသွားတဲ့အခါ ငါတို့ ကထောင်ချောက်ဆင်ပြီးဆရာသခင် ကိုသတ်လို့ရပြီ၊ ကန်းချန်ရှန်းဖူဆိုတဲ့ အဓိကပြဿနာကိုဖြေရှင်းနိုင်မယ့် အပြင် ငါတို့ရဲ့ယွင်ဂိုဏ်းကလည်း ကန်းချန်ရှန်းဖူရဲ့သခင်အသစ်ဖြစ်လာလိမ့် မယ်"

သူမဟာထိတ်လန့်သွားပြီး ပြောနေ သည်ကိုရပ်တန့်ဖို့ကြိုးစားလိုက် သည်။ ဒါပေမဲ့သူမလုပ်နိုင်တာဘာမှ မရှိပေ။ သူမခန္ဓာကိုယ်ဟာ ကိုယ်ပိုင် အသိစိတ်ရှိနေသလိုပင် သူမစိတ်ထဲ မှစကားတွေကိုထုတ်ပြောနေ၏။

စစ်မာကျောင်းဟာ သူမရဲ့စကားတွေ ကို‌နားထောင်ပြီး မအံ့ဩသွားချေ။ သူရဲ့မျက်နှာအမူအရာပင် ပြောင်းလဲ မသွားချေ။ သူဟာတခြားလူ တစ်ယောက်ကို မေးလိုက်၏
" မင်းကရောဘယ်လိုလဲ၊ မင်းဘာကြောင့်ဒီကိုရောက်နေရတာလဲ"

သူမဟာလည်းကြောက်ရွံ့မှုအပြည့် နှင့်ခုခံနေလျက်ပင်။ သို့ပေမဲ့ သူမ ဟာလည်း ယွင်ရှီးယွဲ့ကဲ့သို့ပင် အမှန် တရားကိုထုတ်မပြောရန် မထိန်းချုပ် နိုင်ခဲ့ပေ။ သူမဟာလည်း ယွင်ရှီးယွဲ့ နှင့်ဆင်တူ၏။

ကူးပြောင်းလာပြီးနောက် ဆရာ့အားငါးဆားနယ်ဆက်သခြင်း( completed)Where stories live. Discover now