Part-5

561 61 1
                                    

Zawgyiသမားတှအေောကျဆုံးမှာကွညျ့ပေးနောျ

ပထမဆုံးအနေနဲ့ သူမဟာကျင့်ကြံရတာ တကယ် မိုက်သည်ဟု ခံစားလိုက်ရသည်။

ဒါပေမဲ့ သူမတစ်ချိန်လုံး ဒီလိုပဲ ကျင့်ကြံနေလို့မရတာ နှမြောစရာပဲ။အနီရောင်အလံကိုပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်အနေနဲ့
အာ... မဟုတ်သေးဘူး၊ စာသင်သား တစ်ယောက်အနေနဲ့ သူတော်စင် သုံးပါးတောင်ကို ၀တ်ပြုဖို့မသွားခင် ခေါင်းဆောင်တွေနဲ့ အရင်တွေ့ပြီး စကားပြောရမည်ဖြစ်သည်။

သူမဟာ ကောင်းကင်တောင်ကြား၏အစိမ်းရောင် ၀တ်စုံကို ၀တ်ဆင်ထားခြင်း မဟုတ်ပဲသူမတို့အား ပေးထားသော အဖြူရောင်၀တ်စုံကို ၀တ်ဆင်ထား ခြင်း ဖြစ်သည်။ အခြားသော  တပည့်များမှာလည်း ဤကဲ့သို့ပင် ၀တ်ဆင်ထားကြ၏။

ပုံမှန်အတိုင်းပင် ဆရာဟာ သူမကို စုဝေးရာနေရာကိုခေါ်ဆောင်သွား၏။သူမရွေးချယ်ခံရတာကိုကြားပြီးနောက် လွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းက စီနီယာတွေဟာပျော်ရွှင်နေခဲ့ကြ‌သည်။ ဒါပေမဲ့ ဒီဆရာဟာ သိပ်မပျော်
သည့်ပုံဖြင့် သူမအား စုဝေးခန်းမသို့ လိုက်ပို့ခဲ့လေသည်။ ပြီးနောက် သူမအား အခြားသူတွေထံမှ အငြှိုး အထားမခံရစေနဲ့ ဟု စိုးရိမ်စွာ ပြောလေသည်။ သူဟာ သူမရဲ့အဖေရင်း တစ်ယောက်ကဲ့သို့ပင်။

လျောင်ထင်းရန်၀င်လာတဲ့ဟောခန်းမ ဟာဆိုရင် သူမမြင်ဖူးသမျှထဲမှာ အခမ်းနားဆုံးဖြစ်လေသည်။

မြင့်မားတဲ့ မျက်နှာကြက်မှာ များပြားလှတဲ့ နတ်သမီးပုံတွေကို ထွင်းထုထားပြီး တောက်ပတဲ့ရတနာ တွေနှင့် အလှဆင်ထား၏။
ကြိုးကြာသဏ္ဍာန်ရွှေရောင်မီးအိမ် အများအပြားကိုလည်း ကျောက်စိမ်း တိုင်တွေနားမှာထားထားသည်။အလင်းပြန်နေတဲ့ကြမ်းပြင်ဟာဆိုရင် မာကျောပြီးထူ၏။ အဲ့တာဟာ ခန်းမဆောင်တစ်ခုဆိုတာထက် အခြားသော ကမ္ဘာတစ်ခုကိုရောက်သွားသကဲ့သို့ ခံစားရစေသည်။

လျောင်ထင်းရန်လိုပဲ ထိုမြင်ကွင်းကို အံ့ဩချီးမွမ်းနေကြသော အခြားသူ များလည်းရှိလေသည်။ ဒါပေမဲ့ သူတို့ဟာ သူတို့အမူအယာတွေကို အလျင်အမြန်ထိန်းချုပ်ပြီး ခန်းမ အလယ်မှာငြိမ်ငြိမ်လေးရပ်နေကြ၏။

ကူးပြောင်းလာပြီးနောက် ဆရာ့အားငါးဆားနယ်ဆက်သခြင်း( completed)Where stories live. Discover now