Part-10

363 14 2
                                    

Chapter-10

လျောင်ထင်းရန်ရဲ့ အိပ်ချင်စိတ်ဟာ ဆိုရင် အမြဲတမ်းကောင်းမွန်လေ သည်။ သူမဟာထူးဆန်းတဲ့ ကမ္ဘာကိုရောက်လာပြီးလူနှစ်ယောက် အသတ်ခံလိုက်ရတာကိုမြင်လိုက်ရတာကတောင် သူမရဲ့အိပ်စက်ခြင်း အပေါ်မထိခိုက်ပေ။

မနက်သုံးနာရီအချိန်၊ သူမအိပ်မောကျနေသည့်အချိန်တွင် လေချွန်သံသေးသေးလေးဟာအခန်း ထဲတွင်ပဲ့တင်ထပ်လာ၏။ အနက်ရောင်မြွေကြီးဟာတိတ်ဆိတ်စွာ ၀င်လာကာ လေချွန်ရင်း သူမရဲ့အိပ်ရာအနားမှာ လှည့်ပတ် နေလေသည်။

အနက်ရောင်မြွေကြီးဟာ အိပ်ရာပေါ် မှာအချိန်အတော်ကြာအောင် အိပ်နေ တဲ့ လျောင်ထင်းရန်ကြားရန် အသံပြု လိုက်ပေမဲ့ တုံ့ပြန်မှုကို မတွေ့ရပေ။
သူရဲ့ခေါင်းဟာ နီးသထပ်နီးလာပြီး သူ့ရဲ့အစွယ်တေဟာ သူမပါးကိုပင် ထိနေလေပြီ။ အပေါ်ဘက်ကနေ လေအေးတွေတိုက်ခ‌တ်နေသော် လည်း သူမမှာ လှုပ်ရှားမှုမရှိပေ။

အနက်ရောင်မြွေကြီး : " ....."

ဒါကဘယ်လိုအခြေအနေကြီးလည်း! ငါ့မှာဒီလောက်ကြီးမားတဲ့တည်ရှိမှု ရှိတာကို ဘာလို့သူကမနိုးရတာလဲ?
မနိုးဘူးဆိုတာမဖြစ်နိုင်ဘူး! သူသတိမေ့နေတာများလား?

အနက်ရောင်မြွေကြီးဟာဉာဏ်ရည် နိမ့်လေတယ်။ သူဟာနတ်ဆိုးတစ်ကောင်အဆင့်တောင် မဟုတ်ချေ။သူတော်စင်သုံးပါးတောင်မှာရှိတဲ့ သာမန်မြွေသေးသေးလေးတွေဟာ စစ်မာကျောင်းရောက်ရှ်လာပြီးနောက် ဖိအားကြောင့် သေဆုံးကုန်ကြတယ်။စစ်မာကျောင်း သူ့ကိုရှာတွေ့တဲ့အချိန်မှာ သူဟာသူ့ကိုသတ်ဖို့ပျင်းနေခဲ့ပြီး သူအသက်ရှင်စေဖို့ သွေးအနည်းငယ် တိုက်ခဲ့လေသည်။

အစပိုင်းမှာတော့ မြွေကြီးဟာ သာမန်မြွေတစ်ကောင်သာ ဖြစ်၏။ နောက်ပိုင်းစစ်မာကျောင်းရူးသွပ် သွားချိန်မှာတော့ သူဟာ သူ့ရဲ့အသားတွေနဲ့ သွေးတွေကို မြွေကြီးအားကျွေးလေသည်။ တဖြည်းဖြည်းနဲ့မြွေကြီးရဲ့ ခန္ဓာကိုယ်ဟာ ပြောင်းလဲလာပြီး ကြီးမားလာ လေသည်။

သည်တဤနေရာ၌ စစ်မာကျောင်းနောက်လိုက်နေသော်လည်း စားစရာမရှိချေ။သူသည် အသက်ရှင်နေသေးသော်လည်း သူဟာ အမြဲပင်ဆာလောင်နေခဲ့သည်။ ဒီနေ့လည်ခင်းမှာ သူက လျောင်ထင်းရန်သောက်နေတဲ့ရေဆီကနေ အနံ့ရလိုက်ပြီး အံ့အားသင့် သွားခဲ့၏။ ယခုညဘက်မှာတော့ သူဟာ သူမထံစားစရာတစ်ခုခု တောင်းရန်လာခဲ့တာဖြစ်၏။

ကူးပြောင်းလာပြီးနောက် ဆရာ့အားငါးဆားနယ်ဆက်သခြင်း( completed)Where stories live. Discover now