Part-8

594 19 4
                                    

Zawgyiသမားတှအေောကျဆုံးမှာကွညျ့ပေးနောျ

ပုံမှန်အတိုင်းဆိုလျှင် လျောင်ထင်းရန် ဟာ တတိယမြောက်အဖွဲ့နှင့်သာ သက်ဆိုင်ပါသည်။ ဒါပေမဲ့ သူတို့အားလုံး ဟာပါးနပ်ကြတဲ့အတွက်ကြောင့် သူမကိုဘယ်သူမှအဖွဲ့ထဲမှာ မလိုချင်ကြပေ။

သူတို့ဆရာသခင်ထံ သွားတဲ့ အခါတုန်းက သူတို့ထဲမှ လူနှစ်ဦးသာ ဆရာသခင်ရဲ့အာရုံစိုက်မှုကို ရခဲ့ကြသည်။ တစ်ယောက်ကအသတ်ခံခဲ့ရပြီး ကျန်တစ်ယောက်မှာ ဘယ်ကလာမှန်းပင် မသိချေ။ ဘာဖြစ်ဖြစ် သူမလည်း အရင်တစ်ယောက်လိုပင် မကြာခင်မှာသေမှာပေ။ သဘာ၀အတိုင်းပင် သူတို့ဟာ သူမနှင့်အတူ မပါ၀င်ချင်ကြပေ။

အကုန်လုံးထွက်သွားကြပြီး လျောင်ထင်းရန်တစ်ယောက်သာ ကျန်ရစ်ခဲ့လေ၏။ ဒါပေမဲ့ သူမက စိတ်မပူပါဘူး။လူရှင်းသွားတာနဲ့ ထိုင်ချလိုက်ပြီး သူမခြေထောက် ကိုထုနေခဲ့သည်။

အား..သူမခြေထောက်တွေက တကယ်ကိုနာနေတာပင်။

လျောင်ထင်းရန်ဟာ သူမရဲ့ ချန်ခွင်းအိတ်ကလေးကိုထိလိုက်၏။ အဲ့တာက သူမကို သူမဆရာတုန်းယန် ပေးခဲ့တာဖြစ်သည်။ ဒဏ္ဍာရီလာ သယ်ဆောင်သွားလို့ရတဲ့သိုလှောင်ရေးအိတ်လေးပင်ဖြစ်၏။ သူမအိတ်လေးက အလယ်အလတ်အဆင့် သာရှိတာကြောင့် အများကြီးတော့ မသယ်နိုင်ပေ။ သူမရဲ့ကြွယ်၀မှုတွေကို ထိန်းသိန်းထားတဲ့ အခန်းငယ်လေး တစ်ခန်းသာရှိ၏။

သူမဟာရေတစ်ဘူးကိုထုတ်လိုက်ပြီး သူမရဲ့လက်တွေကို အရင်ဆေးကြော လိုက်သည်။ ပြီးနောက် မှန်ကိုထုတ်ပြီး သူမမျက်နှာကိုကြည့်၏။ မျက်နှာမှာပေကျံနေတဲ့ သွေးတွေကိုသုတ်ပြီး ရှုပ်ထွေးနေတဲ့ ဆံပင်တွေကို ဖြီးလိုက်သည်။ ‌ပြီးနောက် ရေအနည်းငယ် သောက်ကာ ပါလာတဲ့မက်မွန်သီးကို စားနေ၏။ သူမဟာ ချီတည်ဆောက် နေဆဲအဆင့်တွင်သာ ရှိသေးကာ အခြေခံကိုပင်ကောင်းစွာ မတည်ဆောက်ရသေးပေ။မသေမျိုး အမြုအတေ လည်းမတည်ဆောက်ရသေးပေ၊ထို့ကြောင့် သူမ အစားစားဖို့‌လိုလေသည်။

မူလပိုင်ရှင်က တကယ်ကိုဆင်းရဲတဲ့ လူတစ်ယောက်ပင် သူမမှာ ဘာမှ မရှိလေဘူး။ ဒါပေမဲ့ ကြင်လင်သောကောင်းကင်တောင်‌ကြားမှာနေစဉ်က သူမဆရာကဂရုစိုက်ခဲ့တာကြောင့် အစာပြတ်လပ်မှုမရှိခဲ့ပေ။ ဒီတစ်ခေါက်ခရီးမှာတော့ သူမဟာ ပစ္စည်းတွေအများကြီး ယူလာခဲ့၏။ အခုလက်ရှိမှာတော့ သူမဟာ အိတ်ထဲကထိုအစာတွေနဲ့တင် တစ်နှစ်ခွဲလောက် အသက်ရှင်နိုင်သည်။ အကယ်လို့ သူမတစ်နှစ်ခွဲလောက်ကြာတဲ့ထိ အသက်ရှင်မယ်ဆိုရင်ပေါ့။

ကူးပြောင်းလာပြီးနောက် ဆရာ့အားငါးဆားနယ်ဆက်သခြင်း( completed)Where stories live. Discover now