Part-7

659 35 7
                                    

Zawgyiသမားတှအေောကျဆုံးမှာကွညျ့ပေးနောျ

Hello free website လေးမှာ complete သွားပြီဆိုတော့ wattpad မှာ ဖြေးဖြေးချင်း ပြန်တင်ပေးပါမယ်  အဆံုးထိဖတ်ချင်တဲ့သူတွေကတော့ bioမှာရှိတဲ့ free tele gp ကနေ အဆုံးထိ ဖတ်နိုင်ပါပြီရှင်

CHAPTER 7

အဖွဲ့ခေါင်းဆောင်လုပ်သူ မိန်းမလှလေးဟာ သူတို့တွေကို ဆရာသခင်ကို နှုတ်ဆက်ဖို့ဦးဆောင်လေသည်။

လျောင်ထင်းရန်ဟာလူအုပ်ကြီး နောက်မှလိုက်ရင်း ရှေ့သို့စူးစမ်းစွာ ကြည့်လိုက်ရာ ကြောက်စရာကောင်း စွာ ဖြူဖွေးနေသော ခြေထောက်တစ် စုံသာတွေ့လိုက်ရ၏။ သွေးစိမ်းကြော များကိုပင်မြင်ရလျက်ပင်။ သူဟာ ခြေဗလာအတိုင်းကြမ်းပြင်ပေါ်သို့ ချထားသည်။ သူ့ခြေထောက် အနားမှာတော့ အမဲရောင်အင်္ကျီ ရှည်​၏ အနားသတ်ကိုတွေ့ရ၏။ အင်္ကျီရဲ့အနားသတ် လှုပ်ရှား သွားတဲ့အခါမှာတော့ သူ့ရဲ့အခြား ခြေထောက်တစ်ဖက်ပေါ်လာ၏။ လျောင်ထင်းရန်ဟာ သူ့ရဲ့ဘယ်ဘက် ခြေကျင်း၀တ်မှာချည်ထားသည့် အနီရောင်အပ်ချည်ကြိုးကို တွေ့လိုက်ရသည်။

အဲ့ကြိုးမျှင်လေးဟာ သူမအား တစ်နည်းနည်းဖြင့်ခြောက်လှန့်နေ၏။ သူမဟာ အသက်ရှုရပ်မတတ် ထိတ်လန့်သွားရသည်။

ဆရာသခင်ဟာရုတ်တရက်ထရပ် လိုက်သည်။ ပြီးနောက်သူမထံသို့ ဦးတည်ပြီးလာနေသည်ကို တွေ့လိုက် ရသည်။ ထို့နောက် သူမရှေ့တွင် ရပ်လိုက်သည်။

ပြီးနောက်သူမဘေးမှစီနီယာအမအား
" ရဲတင်းလိုက်တာ" ဟုပြောလိုက် လေသည်။

အဲ့လိုပြောပြီးနောက်မှာပင် သူမခန္ဓာကိုယ်ပေါ်သို့ အရည်တစ်ချို့လာစင်လေသည်။ နီရဲနေတဲ့ သွေးတွေဟာ ကြမ်းပြင် ကို ပက်ဖျန်းလိုက်ပြီး သူ့ဘေးနားမှာ ရှိနေသည့် လျောင်ထင်းရန်၏ အဖြူရောင်၀တ်စုံကိုပါ စွန်းထင်း သွားစေသည်။

သူ့ဘေးနားမှာဒူးထောက်နေသည့် ဇာတ်ပို့လေးလျောင်ထင်းရန်:" ...."

တော်ပြီ! ငါဒီ့ထက်ပိုပြီး ဒါကို မလုပ်နိုင်တော့ဘူး!! ငါသေသွားလိမ့် မယ်! အရမ်းကြောက်လာပြီ!!!

သူမဟာအန်ချင်လာခဲ့သည်။ ဒါပေမဲ့ သူမစိတ်ထဲမှာသိနေ၏။ သူမ ယခု အန်ချလိုက်လျှင် အခြေအနေပိုဆိုး သွားလိမ့်မည်။ ဒါကြောင့် မသိစိတ်ရဲ့ စေ့ဆော်မှုအရ ပြန်မျိုချလိုက်၏။

ကူးပြောင်းလာပြီးနောက် ဆရာ့အားငါးဆားနယ်ဆက်သခြင်း( completed)Where stories live. Discover now