Part-12

246 12 2
                                    

Chapter-12
Bioက free tele gpမှာ complete သွားပြီနော် ✨

အနက်ရောင်မြွေကြီးဟာ ခါတိုင်းလို ပင် သူမထံသို့ညလယ်မှာရောက်လာ လေသည်။ ဒါပေမဲ့ သူရောက်လာတဲ့ အခါမှာ လျောင်ထင်းရန်ဟာ ကြမ်းပြင်ပေါ်မှာ သွေးအန်လျက် လဲကျနေသည်ကိုတွေ့လိုက်ရသည်။ မြွေကြီးဟာသိပ်မထက်မြက်သော် လည်း ဒါကပုံမှန်မဟုတ်ဘူးဆိုတာ ကိုသိသွား၏။ သူဟာသူ့ရဲ့ခေါင်းနဲ့ သူမကိုထိလိုက်ပြီး ဘာတုံ့ပြန်မှုမှ မရှိသည်ကိုတွေ့လိုက်ရသည်။ နောက်ဆုံးမှာတော့သူဟာ လျောင်ထင်းရန်ကိုချီပြီး မျှော်စင်ဆီ သို့ခေါ်သွားသည်။

စစ်မာကျောင်းဟာမျှော်စင်ရဲ့အမြင့်ဆုံးနေရာမှာထိုင်နေခဲ့တာဖြစ်၏။ သူ့အနောက်ဘက်က လှုပ်ရှားသံကို ကြားတော့ လှည့်ကြည့်လိုက်၏။
" မြွေလေး မင်းတစ်ခုခုကို သယ်လာတာလား?"

မြွေကြီးဟာအဲ့လောက်ကြီး မထက်မြက်လေဘူး။ သူစစ်မာကျောင်းကိုကြောက်သည် မှာ မှန်သော်လည်း သူပြဿနာတစ်ခု ကြုံရတိုင်း သူ့ဆီသို့သာလာမြဲဖြစ်၏ သူဟာနှစ်ပေါင်းများစွာ စစ်မာကျောင်း ဘေးမှာနေခဲ့တာ ဖြစ်၏။ လျောင်ထင်းရန်ကသာ သူ့ကို အစာကျွေးတဲ့တစ်ဦးတည်း သောသူဖြစ်သည်။သို့သော်သူဟာအနာဂတ် မှာလဲ လျောင်ထင်းရန်ထံမှ ဝါးရေ တောင်းသောက်ချင်သေးသည်။ ဒါကြောင့်သူဟာ သူ့ဘ၀ကို အရဲစွန့် လျက် သတိမေ့နေတဲ့သူမကို မျှော်စင် ဆီခေါ်လာတာဖြစ်၏။

သို့ပေမဲ့စစ်မာကျောင်းမှာ လူကယ်ရ လောက်အောင်ကြင်နာတတ်တဲ့ နှလုံးသားမရှိပေ။ တောက်ဧကရာဇ် စစ်ကျန်းဆိုတဲ့နာမည်ကို  လူတစ်ယောက်ကသူ့အားပေးခဲ့တာ ဖြစ်၏။ ရယ်စရာကောင်းချေသည်။ သူ့နာမည်မှာပါတဲ့ 'စစ်' ဆိုတာက ကြင်နာမှုကို ဆိုလိုတာဆိုပေမဲ့ သူဟာ မည်သူ့ကိုမှမကြင်နာခဲ့ဘူးပေ။

သတ္တိမွေးကာသူ့ဆီကိုလာခဲ့တဲ့ မြွေကြီးကိုတောင်မှ သူက သူ့လက် ကိုမြှောက်ပြီး သူ့ခေါင်းကိုတွန်းထုတ်လိုက်သည်။ မြွေကြီးဟာလဲကျသွား ပြီးနောက် ညှိုးနွမ်းသွားလေသည်။ စစ်မာကျောင်းဆီမှာဆက်လက် ကပ်တွယ်နေဖို့ရာအားလည်းမရှိ တော့ပေ။ သတိလစ်နေတဲ့ လျောင်ထင်းရန်ကိုသာချခဲ့ပြီး အနား ကတိုင်လုံးတစ်ခုပေါ်သို့ တိတ်ဆိတ် စွာတက်သွားလေသည်။

ကူးပြောင်းလာပြီးနောက် ဆရာ့အားငါးဆားနယ်ဆက်သခြင်း( completed)Where stories live. Discover now