Part-9

464 12 2
                                    

အနက်ရောင်မြွေကြီးဟာ တိတ်ဆိတ်စွာနဲ့ လျောင်ထင်းရန်အိပ် နေသည့်နေရာ​၏ အပေါ်မှ တိုင်လုံးပေါ်သို့ တွယ်တက် လာခဲ့သည်။ သူမအိပ်ဖို့ရွေးချယ်ထားတဲ့နေရာက တကယ်ပင်ကောင်းမွန်လေသည်။ ပထမဆုံးအနေနဲ့ အဲ့နေရာမှာ အိပ်လို့ လည်းရပြီး ကြယ်တွေကိုလည်း ငေးကြည့်နိုင်သည့် ကုတင်လေး တစ်ခု ရှိ၏။ ဒုတိယအနေနဲ့ မြေပြင် အနေအထားဟာ သိပ်မမြင့်သလို မျှောင်စင်နဲ့လဲ မနီးပေ။ အနီးအနားက ခေါင်မိုးတွေပေါ်မှာ တခြားလူတွေရှိနေလျှင်တောင်မှ သူမကို ရှာတွေ့ဖို့ ခဲယဉ်းလေသည်။ ပြီးတော့ နောက်ဆုံးအနေနဲ့ ဒီနေရာ ကနေရောင်ဟာ တကယ်ကို ကောင်းမွန်လေသည်။

အဲ့အချိန်မှာ လျောင်ထင်းရန်ဟာ အိပ်မောကျနေတာဖြစ်၏။ စစ်မာကျောင်းဟာ မြွေကြီးပေါ်မှာ ထိုင်နေရင်းနဲ့ သူမဘေးနားရောက် လာပြီး သူမမျက်နှာပေါ်မှ မျက်လုံးအကာကိုငေးကြည့်နေလေ သည်။ ပြီးတော့ သူ့လက်ကို မြှောက်ကာ သူမမျက်နှာကိုကြည့်ရန် အတွက် မျက်လုံးအကာကို ဖယ်ရန်ပြင်လိုက်လေသည်။

" လတ်စသတ်တော့ ဒါက ဟိုအရဲတင်းဆုံး တစ်ယောက်ပဲ"

သူဟာလက်ကိုပြန်ရုတ်လိုက်ပြီး လျောင်ထင်းရန်ရဲ့ဗိုက်ကို မသတီတဲ့အပြုံးနှင့်ကြည့်နေလိုက်သည်။
ပြီးနောက်သူ့ကိုယ်သူပြန်ပြော၏

" နတ်ဆိုးလောကကလူတွေတောင် ဖောက်၀င်နိုင်တယ်ဆိုတော့ ကန်းချန်ရှန်းဖူ မှာဘယ်လိုတောင်အသုံးမ၀င်တဲ့ သူတွေရှိနေရတာလဲ? သူတို့က ငါ့ဒေါသကိုဖြေဖို့အတွက် သူမကို တမင်တကာလွှတ်လိုက်တာလား? ဒါမှမဟုတ် တကယ်ပဲသူမက သူတို့ အတွက်လုံး၀အသုံးမ၀င်လို့လား?"

အမှန်တိုင်းပြောရလျှင် သူဟာ သူမကို အစကသတ်ချင်ခဲ့တာဖြစ်၏ ။ ဒီလိုလူမျိုးတွေဟာတခြားသူတွေ ကိုလှည့်ဖြားနိုင်ပေမဲ့ သူ့ကိုတော့ မလှည့်ဖြားနိုင်ချေဘူး။ ဒါပေမဲ့ အခုတော့ သူရုတ်တရက်ကြီး သူမကို မသတ်ချင်တော့ပေ။

ကန်းချန်ရှန်းဖူက သူ့ကိုဘာမှမလုပ် နိုင်တော့ နတ်ဆိုးလောကကရဲ့လက်ကိုငှားချင်တာလား? သူကတော့ နတ်ဆိုးကျင့်ကြံသူတွေ ထက်စာရင် ကန်းချန်ရှန်းဖူ ပျက်စီး သွားတာကိုပိုမြင်ချင်၏။

ကူးပြောင်းလာပြီးနောက် ဆရာ့အားငါးဆားနယ်ဆက်သခြင်း( completed)Where stories live. Discover now