Part-3

672 62 1
                                    

"သုံးဆယ့်ခြောက်ခုမြောက် အမတ တောင် ချွိတုန် ဟာ ရှစ်ထောင့်ရှစ်ရာ ရှစ်ဆယ့်ရှစ်မိုင် ရှည်လျားပြီး ဒီတောင်ကလည်း ကန်းချန်ရှန်းဖူရဲ့ နယ်ပယ်အတွင်းမှာပဲ"

လျောင်ထင်းရန် ဘာကိုတွေးနေတယ် ဆိုတာကို တုန်းယန်ဆရာ သတိပြု‌မိ တဲ့အခါ ဆရာကပြောလေသည်

"ငါတို့ရဲ့ဂိုဏ်းက တကယ့်ကို ကြီးတယ်။အဆင့်နိမ့်တပည့်အများစုက သေမျိုးတွေလိုပဲ သူတို့ရဲ့ တစ်ဘဝလုံး ဒီကန်းချန်းရှန်းဖူထဲက မြို့မှာပဲ နေထိုင်ကြတယ်"

လျောင်ထင်းရန်: အမေရေ!!ငါတော့ အသိပညာတွေ အများကြီး ရလိုက်
တာပဲ။

လျောင်ထင်းရန်ဟာနည်းနည်းဝေးတဲ့ နေရာမှာ ကြီးမားတဲ့စတုရန်းပုံကြီးကို တွေ့လိုက်ရသည်။ ကျောက်စိမ်း တိုင်လုံးအများအပြားကိုလည်း သူ့ရဲ့ နှစ်ဖက်နှစ်ချက်မှာ တွေ့ရ၏။
သူ့ရဲ့အလယ်မှာတော့အလွန်မြင့်မားတဲ့ နန်းတော်ကြီးဟာ ဖီးနစ်ငှက် တစ်ကောင်လိုပဲ ထည်ဝါစွာ တည်ရှိ‌ နေ၏။အဲ့ဒီမှာ တခြားတပည့်တွေလည်း အများအပြား ရောက်ရှိနေကြပြီ ဖြစ်၏။နောက်ထပ်လည်း လူတွေ တစ်သီကြီး ထပ်လာနေကြ၏။

ဒီမြင်ကွင်းဟာ အရမ်းကို ခံ့ညားပြီး တော့ လျောင်ထင်းရန်အား လိပ်ပြာမလုံ ဖြစ်စေသည်။

တုန်းယန်ဟာ သူ့ကလေးကို စာမေးပွဲ ခန်းမသို့ လိုက်ပို့သည့် မိဘလိုပင် သူကူညီနိုင်တာမရှိပေ။သူမကို ပို့ပြီးနောက်မှာ သူမကို ချစ်မြတ်နိုးသည့် အကြည့်တစ်ချက် ဖြင့် အားပေးရန်သာတတ်နိုင်၏။ပြီးနောက်မှာတော့ လျောင်ထင်းရန်လိုလူသစ်လေး ကို အလှလေးတစ်သိုက်နှင့် အခန်း ထဲမှာ စောင့်နေရန် ထားခဲ့ပြီးနောက် ထွက်သွားတော့သည်။

လျောင်ထင်းရန်ဟာ မော့ကြည့်လိုက်
ပြီး သူမဟာ တစ်ကယ်ကို Miss ပြိုင်ပွဲကို‌ လာရသလိုပင်။ အကယ်၍ ဒီဟာသာ Miss ပြိုင်ပွဲတစ်ခုဖြစ်မယ် ဆိုရင် တကယ်ကို ကြမ်းတမ်းတဲ့ တိုက်ပွဲတစ်ခု ဖြစ်မှာပဲ။ ဘာလို့ဆို အကုန်လုံးက နတ်သမီးတွေလိုပဲ အရမ်းလှကြတာပဲ!!!
အနိုင်ရမယ့်သူကို ရွေးချယ်ဖို့ အတော့်ကို ခက်ခဲလောက်တယ်။

ပတ်ပတ်လည်ကို ကြာကြာကြည့်မိ လျှင်တောင် သူတို့ရဲ့ အလှ‌ကြောင့် ပင်ပန်းသွားရနိုင်ပေသည်။ခနကြာပြီးနောက် သူမရဲ့ခေါင်းကို ငုံ့ပြီး မျက်တောင်ခတ်ဖို့လိုလာလေ ပြီ။ သူမရဲ့မျက်လုံးများမှာ မျက်တောင်မခတ်ပဲကြာကြာစိုက်ကြည့်မိမှုကြောင့် နီရဲနေလေပြီ။

ကူးပြောင်းလာပြီးနောက် ဆရာ့အားငါးဆားနယ်ဆက်သခြင်း( completed)Where stories live. Discover now