Part-4

574 53 1
                                    

Zawgyiသမားတှအေောကျဆုံးမှာကွညျ့ပေးနောျ

ရွေးချယ်ပွဲပြီးတဲ့နောက် ဆရာတုန်းယန်နှင့်အတူ ကြည်လင်သောကောင်းကင်တောင်ကြားဆီပြန်လာခဲ့ကြတယ်။

"တကယ်လို့မင်းဟာရွေးချယ်ခံလိုက်
ရပြီ ဆိုရင် ရှောင်လွှဲလို့ရမဲ့နည်းလမ်းမရှိဘူး ။ဒါကမကောင်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။" ဆရာတုန်းယန်က သူမအား ချော့မော့ကာ ပြောသည်။

"ငါလည်း တောက်ဧကရာဇ် စစ်ကျန်း ကိုတစ်ခါမှမမြင်ဖူးဘူး။ သူ့နာမည် လိုပဲ သူကကြင်နာတတ်တဲ့ လူတစ်ယောက် ဖြစ်လောက်မှာပါ။ မင်းသူ့ဆီခစားတဲ့အခါမှာ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့သတိရနော်။ကိုယ့်ရဲ့တာ၀န်တွေကို ‌သေချာလုပ်ပြီး ခပ်လျှိုလျှိုပဲနေပါ။"

(T/N - စစ်ကျန်းရဲ့နာမည်ရဲ့အဓိပ္ပာယ်က စစ်- ကြင်နာခြင်း/ ကျန်း-တာအိုကျင့်ကြံခြင်း)

အိုး...အကုန်လုံးကဖြစ်ပျက်ပြီးနေ ပြီပဲ။ဘာမှလုပ်နိုင်တာလဲ ရှိမှမရှိတော့တာ။ ဘ၀မှာ အခက်အခဲတွေလည်း ရှိဦးမယ်ပေါ့။ရှိတော့လည်း မဖြေရှင်းတော့ဘူး ဒီတိုင်းပဲ လှဲနေလိုက်တော့မယ်။ ဘာဖြစ်ဖြစ်လေ ငါနိုးလာတုန်းကလည်း လှဲလျက်သားနဲ့ပဲကို။ အဲ့လို တွေးကြည့်လိုက်တော့ ပြဿနာတောင် မရှိတော့ဘူး။

သူတို့တွေဟာ ဆရာသခင်တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာမဲ့ရက်ကို စောင့်နေခဲ့ကြတယ်။လျောင်ထင်းရန် ဟာ ‌ဂိုဏ်းထဲက လူတွေအကုန်လုံးက ဒီကိစ္စနဲ့ပက်သက်ပြီး အရမ်းစိုးရိမ် နေကြတာကို တွေ့လိုက်ရတယ်။
သူတို့ရဲ့ကောင်းကင်တောင်ကြား ဟာဆိုရင် သေးငယ်တဲ့ ဂိုဏ်းခွဲနေရာလေးတစ်ခုသာ ဖြစ်တာကြောင့် တစ်နှစ်ပတ်လုံး လျစ်လျူရှုခံထားရ၏။ သို့သော် ယခုတွင်တော့ သူမကြောင့် ပြန်လည် ရှင်သန်လာလေပြီ။အဲ့တာက မြို့ငယ်လေးမှာရှိတဲ့ နယ်ကျောင်းလေးတစ်ကျောင်းကနေ ပြည်နယ်အဆင့်ကောလိပ်၀င်စာမေးပွဲမှာ ပထမရတဲ့သူတစ်ယောင်ပေါ်လာသလိုပင်။

လူတော်တော်များများဟာ လျောင်ထင်းရန်ဘာလို့ ရွေးချယ်ခံ ရမှန်း နားမလည်နိုင်ကြဘူး။ အဲ့ဒီမှာ အမျိုးသမီးတပည့်တွေ အများကြီး ရှိတဲ့အပြင် သူ့ထက်တော်တဲ့လှတဲ့သူတွေ လည်း အများကြီးရှိ၏။ လျောင်ထင်းရန် ကိုယ်တိုင်ဟာလည်း သူမဘာလို့ရွေးချယ်ခံလိုက်ရမှန်း နားမလည်လေဘူး။

ကူးပြောင်းလာပြီးနောက် ဆရာ့အားငါးဆားနယ်ဆက်သခြင်း( completed)Where stories live. Discover now