Part-6

614 57 1
                                    

Zawgyiသမားတှအေောကျဆုံးမှာကွညျ့ပေးနောျ

ကန်းချန်ရှန်းဖူ က တပည့်တွေဟာ တောင်ခြေမှာ စိတ်ရှုပ်ထွေးစွာနဲ့ ရက်အနည်းငယ်ကြာ စောင့်နေခဲ့ကြ သည်။ အဲ့လိုစောင့်ဆိုင်းပြီးနောက်မှာ တော့ လျောင်ထင်းရန်၏ ကြောက်စိတ်တွေမှာ ပျောက်ကွယ် သွားပြီ ငါးဆားနယ်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားလေသည်။

(ငါးဆားနယ် = ဘာမှလုပ်ချင်စိတ် မရှိသူ)

ဒီအချိန်မှာ "ငါထွက်လာတာနဲ့ မင်းတို့အားလုံးသေရလိမ့်မယ်" ဟု ခေါင်းဆောင်ကအော်နေလျှင်တောင် မှ မမှုတော့ချေ။ ဘာဖြစ်ဖြစ် အားလုံးဟာတစ်လှေတည်းစီးနေကြသူတွေမဟုတ်လား သေရင်တောင် အုပ်စုလိုက်ကြီးဖြစ်သည်။ဘာမှကြောက်နေစရာ မရှိပေ။ သူမဟာ သေရမယ့်အရေး ကိုစိုးထိတ်မနေတော့ပေ။ ဒါပေမဲ့ ယခုသူမရဲ့ ခြေထောက်က အတော်ပင်နာနေလေပြီ။ သူမထိုင်ပြီး အနားယူမှရတော့မည်။

သူမဟာ ဒီမှာရှိသမျှလူတွေအားလုံး ထဲတွင် ကျင့်ကြံစဉ်အနိမ့်ဆုံးဖြစ်၏။ အခုလေးတင်ပဲ ဆရာသခင်ကြောင့် နှာခေါင်းသွေးလျှံခဲ့ရသည်။ သူမက အဲ့တာကို ဘယ်လိုလုပ် ကိုင်တွယ်နိုင် မှာလဲ? သူမဟာ ဘယ်ခြေထောက်မှ ညာခြေထောက်ပြောင်းရပ်လိုက်။ ညာခြေထောက်မှ ဘယ်ခြေထောက် ပြောင်းရပ်လိုက်နှင့် ရပ်နေခဲ့သည်။ နောက်ဆုံးမှာတော့ ကျားပါးစပ်ထဲသို့ သူကိုယ်တိုင်တိုး၀င်သွားခဲ့သော ခေါင်းဆောင်မှာပြန်ထွက်လာလေပြီ။

သူ့ပုံစံမှာအရိုက်ခံထားရပုံပင် အလွန် ကြည့်ရဆိုးနေ၏။ သူ၀တ်ဆင်ထား ခဲ့တဲ့ ကျောက်စိမ်းသရဖူဟာဆိုရင် လည်းပျက်စီးကာ ခနော်ခနဲ့ဖြစ်နေ လေသည်။ အရင်က သန့်စင်ပြီး ကြည့်ကောင်းတဲ့ မျက်နှာဟာဆိုရင် လည်း သွေးများနှင့်နီရဲပြီး ဖြူဖျော့ နေလေ၏။

သူဟာအသက်ကိုဖြေးဖြေးရှုရင်း အားနည်းစွာ ပြောလေသည်
" မင်းတို့တွေ အထဲ၀င်သွားပြီးတော့ ဆရာသခင်ကို ကောင်းကောင်းပြုစု ကြပါ" သူဟာ မိန်းမလှလေးတို့အုပ်စုအား ထိုကဲ့သို့ ပြော၏။
မိန်းမလှလေးတို့အုပ်စု​၏ခေါင်းဆောင်မှာ  ဂိုဏ်းချုပ်​၏ဆွေမျိုးတစ်ယောက်ပင်ဖြစ်သည်။ သူမအားသူတို့ခေါင်းဆောင်အဖြစ် ကြေညာထားပြီးဖြစ်၏။

ကူးပြောင်းလာပြီးနောက် ဆရာ့အားငါးဆားနယ်ဆက်သခြင်း( completed)Where stories live. Discover now