Part-2

889 64 2
                                    

Zawgyiသမားတှအေောကျဆုံးမှာကွညျ့ပေးနောျ

ကျိုးရန်ဟာကြက်သေသေနေမိတယ်။ဒီခံစားချက်က အတန်းပိုင်ဆရာက သူမရဲ့ စာမေးပွဲရလဒ်တေအပေါ်မှာ စိတ်ကျေနပ်မှုမရှိဘူးလို့ ရုံးခန်းထဲခေါ်ဆူခံနေရသလိုပင်။

ပြီးတဲ့နောက်မှာတော့ သူကဆက်ပြောတယ် "နောက်သုံးရက်နေရင် အဲ့ပွဲကိုသွားဖို့မင်းကို စေလွှတ်လိမ့်မယ်၊ အဆင်သင့်ဖြစ်ပြီလား?"

ကျိုးရန်ဟာ ဝိုးတိုးဝါးတားနှင့် ငေးကြည့်နေမိတယ်။ သခင်လေးဟာ ဂိမ်းထဲက NPCတွေလိုပဲ သူမကို tasks တွေ ထုတ်ပေးနေတယ်လို့ ခံစားနေရတယ်။ သူမအခန်းထဲမှာ နိုးလာတဲ့အချိန်ကနေစပြီး ပြန်စဉ်းစားကြည့်မိတဲ့အခါမှာတော့ ဘာဆက်လုပ်ရမလဲမသိတော့တာကြောင့် သက်ပြင်းသာချလိုက်မိတော့တယ်။

စိတ်ပျက်ပျက်နဲ့ ခေါင်းကုတ်နေရင်း
မဖြစ်သေးပါဘူး၊ တစ်စုံတစ်ယောက်အဖြစ်နဲ့ ဟန်ဆောင်ပြီးနေဖို့က အရမ်းကိုဖိအားများလွန်းတယ်၊ ငါတကယ်ကိုသေသာသေလိုက်ချင်တော့တယ်!!!

သူမ မျက်လုံးတွေနဲ့ လှည့်ပတ်ကြည့်နေမိရင်း
ထောင့်မှာထောင်ထားတဲ့မှန်ကို တွေ့လိုက်ရတယ်။ ကျိုးရန်ဟာ ကြက်သေသေသွားတယ်။ ထို့နောက် ထခုန်လိုက်ပြီး သူမမျက်နှာကို သူမပြန်ထိကြည့်တယ်။

ဘယ်လိုတောင် အလှလေးလဲ! ဒီတစ်ယောက်က မသေမျိုး နတ်သမီး‌တော့မဟုတ်ပါဘူးနော်?

ကောင်းပြီ၊ ငါလုပ်နိုင်တယ်။ မသေချင်တော့ဘူး!! တစ်ရက်အသက်ပိုရှင်ပြီး တစ်ရက်လှလှလေးနေရမယ် !!!
ဘာပဲဖြစ်ဖြစ်လေ ငါ‌လဲ ဘယ်လိုပြန်ရမလဲမှမသိတာ၊ အဲ့တော့ လျောင်ထင်းရန်အဖြစ်‌ နဲ့ အရင်ဟန်ဆောင်ပြီး နေဖို့လိုတယ်။

လျောင်ထင်းရန်အဖြစ်နေရခြင်းက တကယ်တော့အဲ့လောက်မခက်ခဲပါဘူး။ ဘာလို့လဲဆိုတော့ သူမဟာ အနီးနားက တပည့်တွေနဲ့ လူငယ်လေးတေကို မေးကြည့်ပြီး တချို့အခြေခံအချက်တွေကို သိလိုက်ရတယ်လေ။

ဥပမာဆိုရင် သူမဟာ ဒီနှစ်မှ သူမရဲ့ဆရာတုန်းယန် ဆီကနေ လက်ခံခြင်း ခံခဲ့ရပြီး သူမရဲ့ကျင့်စဥ်ဟာလည်း နိမ့်လေသည်။ချီသန့်စင်ခြင်းအဆင့် မှာတောင် သူမ၏ စိတ်စွမ်းအင်မှာ ဝိဉာဉ်ကြော သုံးခု ရှိပြီး သာမန်အဆင့်သာ ဖြစ်လေသည်။ ပြီးတော့ သူမဟာ ယခုကျင့်ကြံခြင်း‌လောကရဲ့ အကြီးဆုံးကျောင်းတော်ဖြစ်တဲ့ ကန်းချန်ရှန်းဖူ မှာ တက်ရောက်နေခြင်း‌ ဖြစ်လေသည်။ကန်းချန်ရှန်းဖူကျောင်းတော်ဟာ အလွန်ကြီးမားပြီး သူ့ရဲ့တပည့်တွေနဲ့တင် နိုင်ငံတစ်နိုင်ငံ ထောင်လို့ရလောက် သည်ထိ ကြီးသည်ဟု ပြောကြသည်။

ကူးပြောင်းလာပြီးနောက် ဆရာ့အားငါးဆားနယ်ဆက်သခြင်း( completed)Where stories live. Discover now