Perceptions of You & Me

2.4K 83 3
                                    

_
_
_
_

တစ်ယောက်တည်း တိတ်ဆိတ်‌ေနရတဲ့
ညတွေဆို ကောင်းကင်ယံမှာ ထိန်လင်းနေတဲ့
လကို ငေး‌ကြည့်‌ရတာ သဘောကျပေမယ့်
တို့ အနားမှာ မင်းရှိနေရင်တော့
မင်းကိုပဲ ငေးကြည့်နေမိမယ် ထင်ပါတယ်..

ဖြူဖြူစင်စင် ညီအစ်မလို အချစ်လား ?..
ဒါမှမဟုတ် အဲ့ထက် နယ်ကျွံနေတဲ့ အချစ်လား ?..
တို့ ကိုယ်တိုင်တောင် ဝေခွဲမရခဲ့ပါဘူး..
ဒါပေမယ့် တို့ သေချာသိတာ တစ်ခုကတော့
မင်းကို ကာကွယ်ရဖို့အတွက် ဆိုရင်
ဘာကိုပဲဖြစ်ဖြစ် ပေးဆပ်ရပါစေ ဆိုတဲ့
စိတ်‌ေလးတစ်ခု ရှိခဲ့တာပါပ‌ဲ...

                                          ☀️ Freen ☀️

_
_
_
_

လူ‌ေတွ ‌ေတာ်‌ေတာ်များများက သူတို့
ချစ်ခင်နှစ်သက်တဲ့သူတွေနဲ့ အတူရှိနေရင်
ဒီအချိန်လေးကို ရပ်တန့်ထားချင်လိုက်တာ လို့ တွေးကောင်း တွေးကြပါလိမ့်မယ်..
ဒါပေမယ့် ကျွန်မကတော့ ရှင်နဲ့ အတူရှိနေတဲ့ အချိန်တွေကို ရပ်တန့်လို့ ရခဲ့ရင်တောင်
မရပ်တန့်ထားချင်ပါဘူး..
ဘာဖြစ်လို့ဆို‌ ဖြစ်နိုင်သလောက်လေးတော့
ရှင်နဲ့ အမြဲအတူရှိနေနိုင်မယ့် အနာဂတ်ကို
ဖန်တီးချင်ခဲ့လို့ပဲ...

တကယ်လို့သာပေါ့..
အဲ့ဒီအနာဂတ်ကို မဖန်တီးနိုင်ခဲ့ရင်တောင်
ငါ့‌ေရွးချယ်မှု မှားသွားလေခြင်း လို့လည်း
နောင်တ မရပါဘူး...
အဲ့အစား အချိန်တန်ရင် အရာအားလုံး
ပြီးဆုံးသွားမယ့် ဒီလောကကြီးထဲမှာ
ရှင်နဲ့ ကျွန်မ အတူရှိခဲ့ရတဲ့ အတိတ်တွေကိုပဲ ပြန်‌လွမ်းဆွေးပြီး နေလိုက်ပါမယ်..

                                        🌑 Rebecca 🌑

_
_
_
_

____

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
The Moon & Her Royal SunWhere stories live. Discover now