PART - ( 5 )

422 25 0
                                    

       မှူးမတ် Ven ရဲ့ စကားတွေကို အလုံးစုံ
နားထောင်ပြီးတဲ့နောက် ဘုရင် Alvin က

" မောင်မင်းက ငါကိုယ်‌ေတာ်ရဲ့အချိန်တွေ
  ကို လာဖြုန်းတီးနေတာပဲ ..
  ဘယ်လိုတောင် အဓိပ္ပါယ်မရှိတဲ့ စကား
  တွေလဲ ..
  ဘဏ္ဍာရေးဝန်ကြီးနဲ့ သူ့မျိုးနွယ်ဝင်တွေက
  ငါကိုယ်တော်ကို ပုန်ကန်ဖို့ စီစဉ်နေကြတယ်
  တဲ့လား ..
  အရေးမပါလိုက်တာ .."

     ဘုရင် Alvin က ဒေါသဖြင့် လေသံမာမာ
သုံးကာ မှူးမတ် Ven Margaret ကို ပြောဆိုလိုက်သည်။

" ဘုရင်ကြီး .. ကျွန်တော်မျိုး‌ေလျှာက်တင်
  တာကို ယုံကြည်ချင်မှ ယုံကြည်မယ်ဆိုတာ
  သိပြီးသားပါ ..
  ဒါပေမယ့် ဒါတွေဟာ အမှန်တရားပါပ‌ဲ..
  Joseph နဲ့ သူ့မျိုးနွယ်ဝင်တွေဟာ
  ဘုရင်ကြီးရဲ့အုပ်ချုပ်ပုံကို သဘောမတွေ့
  ကြတဲ့ သူတွေထဲမှာ ပါဝင်ကြပါတယ်
  သူတို့တွေဟာ အခွင့်အရေးရတာနဲ့
  ဘုရင်ကြီးကို နန်းချဖို့ တွေးနေကြတာပါ .."

" ဒီလိုမျိုး အဓိပ္ပါယ်မရှိတဲ့ စကားတွေ
   လျှောက်တင်ဖို့ ညကြီးအချိန်မတော်
  ငါကိုယ်တော်ဆီ အခစားဝင်လာတာပေါ့
  လေ .."

ဘုရင် Alvin က ပြောရင်းနဲ့ Ven Margaret 
ကို ကျောပေးလျှောက်သွားပြီး သူ့အဆောင်ခန်းရဲ့ပင်မပြတင်းပေါက်ရှေ့မှာ သွားရပ်နေ
လိုက်သည်။

    မယုံကြည်နိုင်ဖြစ်နေတဲ့ ဘုရင် Alvin ကို အနောက်က မှူးမတ် Ven က ညှိုးငယ်တဲ့ မျက်နှာနဲ့

" ဘဏ္ဍာရေးဝန်ကြီး Joseph နဲ့ သူ့မျိုးနွယ်
   ဟာ ဘုရင်ကြီးရဲ့ယုံကြည်မှုကို ရရှိထားတဲ့
   အထက်တန်းလွှာ မိသားစုတွေထဲက တစ်ခု
   ဖြစ်နေတာကြောင့်
   ဘုရင်ကြီး မယုံကြည်နိုင် ဖြစ်နေတာကို
   ကျွန်တော်မျိုး နားလည်ပါတယ်...."

      မှူးမတ် Ven Margaret က ကျောပေး
ရပ်နေတဲ့ ဘုရင် Alvin ဆီ လျှောက်သွားရင်း
နဲ့ကနေ စားပွဲခံုလေးမှာ ဘုရင် Alvin ချထားတဲ့ သောက်လက်စ ဝိုင်နီခွက်ကို ယူလာ‌ေပး
သည်။

" ကျွန်တော်မျိုးလို မျိုးနွယ်နိမ့်ပါးတဲ့
   အငယ်တန်းမှူးမတ်‌ေလးရဲ့ စကားကို
   ဘုရင်ကြီး မယုံကြည်နိုင်ရင်တောင်မှပေါ့..

The Moon & Her Royal SunWhere stories live. Discover now