PART - ( 9 )

413 31 8
                                    

       လရောင်အောက်မှာ ဌက်ဖြူလေး Mary ကို နှစ်ယောက်သား အတူတူ စီးလာကြပြီး ဘေးပတ်ဝန်းကျင်ကို သတိထားကြည့်လာ
သည်မှာက Freen ဖြစ်သည်။ Bec ကတော့ Freen ရဲ့ရင်ခွင်ထဲကနေပဲ ကွေးကွေးလေး
ဖြစ်နေပြီး အိပ်ငိုက်စပြုနေပြီ ဖြစ်သည်။

" Bec လေး .. အိပ်ငိုက်နေပြီလား ?.."

" ဟင် .. "

ဘာမှပြန်မပြောပဲ အိပ်ချင်မူးတူးရုပ်လေးနဲ့ မော့ကြည့်လာတဲ့ Bec လေးကို မြင်တော့
Freen ပြုံးမိသည်။

အင်းပေါ့ .. ဒီနေ့အတွက်က Bec လေး
အတွက် ဖိအားအများဆုံးနေ့တစ်နေ့လည်း
ဖြစ်နေတယ်လေ..
သူမ သိပ်ပင်ပန်းနေမှာပါ ..

ထိုနည်းတူ Mary လည်း ပင်ပန်းနေမှာပါ ..
တကယ်ဆို သူမလည်း အခုမှ ဌက်ပေါက်စ
သာသာလေး ရှိသေးတာလေ..
အဲ့တာကို တစ်နေကုန် သေချာအနားမယူရပဲ
ပျံသန်း‌ေနရလို့ သူမ အတောင်ပံတွေတောင်
ညောင်းနေလောက်ပြီ ..
ဒါပေမယ့်လည်း လရောင်မှိန်မှိန်တစ်ခုသာ
ရှိတဲ့ ည‌အမှောင်ကြားထဲမှာ Mary လေးဟာ ကိုယ်တို့ နှစ်ယောက်ကို ဇွဲကောင်းကောင်းနဲ့ ထမ်းပိုးပြီး ပျံသန်းနေတုန်းပါပဲ ...

     Freen ဟာ ပြုံးလိုက်ပြီး Mary ရဲ့ဂုတ်ပိုး လေးကို ပွတ်သပ်ပေးရင်း ပြောလိုက်သည်။

" Mary .. အောက်ဆင်းရအောင် ..
   နားချိန် ရောက်ပြီ .."

_
_
_
_

   ဆင်းသက်ရပ်နားလိုက်သည့် ပတ်ဝန်းကျင်
အခြေအနေကို Freen လိုက်လံကြည့်ရှုခဲ့ပြီး
ဘေးကင်းလုံခြုံတာ သေချာပြီဆိုမှ မီးပံုရရှိလာရန် အတွက် သေချာပြင်ဆင်နေလိုက်
သည်။

သူမတို့ Gabriel တော်ဝင်မျိုးနွယ်တွေဟာ
မီးဓာတ် ‌ေမှာ်ပညာကို အထူးပြုသံုးစွဲကြ
ပေမယ့် သူမကသာ ကွဲပြားနေခဲ့တာမလား..

       အဲ့ဒါကြောင့် သူမအနေနဲ့ သာမန်‌လူတွေ
မီးမွှေးကြသလို လုပ်ဆောင်ဖို့သာ ရှိသည်။
အနားတစ်ဝိုက်က သစ်ကိုင်း‌ေခြာက်တွေကို
အမြန်ဆံုး စုဆောင်းလိုက်ပြီး သူမ လွယ်လာ
တဲ့ အိတ်လေးထဲက မီးခြစ်ဆံ ဘူးတစ်ဘူးကို
ထုတ်ကာ မီးခြစ်ဆံနှင့် မီးစညှိလိုက်သည်။
မကြာခင်မှာ သူမတို့ အတွက် ကောင်းမွန်စွာ
တောက်လောင်နေတဲ့ မီးပုံတစ်ခုကို ရရှိလာခဲ့
သည်။

The Moon & Her Royal SunWhere stories live. Discover now