PART - ( 1 )

1.7K 49 5
                                    

" ပြေးကြ .. ပြေးကြ .."

Gabriel တိုင်းပြည်ကြီးအနားရှိ တောနက်ကြီးထဲမှ အော်သံများ ...

ဓား ၊ လှံစတဲ့ လက်နက်တွေကို ကိုင်ဆောင်ထားပေမယ့် သူတို့ရဲ့ကြောက်ရွံ့မှုတွေဟာ အထင်းသား ပေါ်လွင်‌ေနသည်။

သူတို့က တစ်ခြားတော့ မဟုတ် ..
လွန်ခဲ့တဲ့ 2 ရက်ကမှ Gabriel တိုင်းပြည်ပိုင်
တောနက်ထဲမှာ သောင်းကျန်းနေတဲ့
မြေခွေးနက်မိစ္ဆာဆိုးကို သုတ်သင်ရှင်းလင်းရန် ဘုရင့်အမိန့်နဲ့ ထွက်ခွာလာခဲ့ကြတဲ့
ဘုရင့်တပ်သားတွေပင် ဖြစ်သည်။

" ဟာ ! .. Moez .."

ခြုံထဲ ပုန်းနေတဲ့ တပ်သားတစ်ယောက်က
အပြင်မှာ တစ်ယောက်တည်း အကူအညီမဲ့
နေတဲ့ Moez ဆိုတဲ့ တပ်သားကို ကူညီဖို့
ဟန်ပြင်လိုက်ပေမယ့် ..

" မသွားနဲ့ .. ငါတို့ သွားရင် အကုန်သေကုန်
   လိမ့်မယ် .."

      ခြုံထဲ ပုန်းနေကြတဲ့ တပ်သားတစ်ချို့ရဲ့
အချင်းချင်း တီးတိုးသံတွေက ဝိုင်းတားလိုက်ကြသည်။

_
_
_
_
_

သစ်ပင်တစ်ပင်မှာ ကပ်ပြီး တုန်ရီစွာ ဓားကို ကိုင်ဆောင်ထားတဲ့ Moez ဆိုတဲ့ တပ်သားလေးဟာ သူ့အနားကို ကပ်လာတဲ့ မြေခွေးနက်မိစ္ဆာကြီးကို မှင်သေစွာ ကြည့်နေမိသည်။ ပုန်းနေကြတဲ့ သူ့ရဲ့အပေါင်းအပါ တပ်သားတွေလည်း သူ့ကို ကယ်ချင်ပေမယ့်
မဖြစ်နိုင်‌ေတာ့တာကြောင့် လှမ်းကြည့်နေရုံ
သာ တတ်နိုင်ကြသည်။

ဘယ်လိုလုပ်ရပါ့မလဲ
ငါ မသေချင်သေးဘူး ..
သူတို့ဆီ ပြေးသွားလိုက်ရမလား ..

မဟုတ်သေးဘူး..
ငါ သူတို့ဆီ ပြေးသွားရင်လည်း
သူတို့တွေပါ ဒုက္ခရောက်ကုန်မှာ ...

       နဖူးကနေ တစီးစီးကျနေတဲ့ ချွေးတွေက
သူ့ကို ပိုပြီးပူလောင်နေစေသလို ‌မကြာခင်မှာ
သေရတော့မယ်လို့ သိ‌ေနရတဲ့ စိတ်ကြီးကလည်း သူ့အတွေးထဲ ကြီးစိုးနေ‌ေလသည်။

_
_
_
_

          ထိုနေရာမှာပဲ အခုချက်ချင်းဆိုသလို အလင်းတန်းတစ်ခုကို မြင်လိုက်ရသည်။

ဟိုးကောင်းကင်ယံကနေ အရှိန်ပြင်းပြင်းနဲ့ တစ်စုံတစ်ယောက် ခုန်ဆင်းလာရင်း ဝင်းလဲ့
‌ေတာက်ပနေ‌ေသာ ငွေရောင်ဓားရှည်ကို
ကိုင်ဆောင်ထားလျက်....

The Moon & Her Royal SunWhere stories live. Discover now