PART - ( 3 )

614 25 1
                                    

" Freen ရေ .. Bec လာလည်တယ် .."

အသံကျယ်ကြီးနဲ့ နန်းလျာမင်းသမီးရဲ့
နားနေဆောင်ထဲ ဝင်လာတဲ့ Rebecca ...

ထိုအချိန်မှာ Freen က သူမရဲ့စာပေလေ့လာ
ချိန်မို့လို့ စာအုပ်လေးတစ်အုပ်ကို ဖတ်ရှုနေ
တာ ဖြစ်သည်။
သူမဟာ Rebecca ရောက်လာတာကို
မြင်တာနဲ့ စာအုပ်ကို စားပွဲပေါ် ပြန်ချပြီး
လှမ်းပြုံးပြလိုက်သည်။

" ရောက်လာပြီလား .. Bec လေး .."

" ဟုတ်.. သွားဆော့ကြမယ်လေ.. Freen "

" အင်း .. ဟုတ်ပါပြီ .."

        Freen က သူမရဲ့စားပွဲခုံမှာ ထိုင်နေရာ
ကနေ ထလိုက်တော့ ဘေးနားမှာ ရှိနေတဲ့
တော်ဝင်အထိန်းတော်ကြီးက

" နန်းလျာမင်းသမီး ..
  ဒါက စာ‌ေပလေ့လာရမယ့် အချိန်ပါ .. "

" ကျွန်မ သိပါတယ် .. ဒါပေမယ့် နောက်မှပဲ
  အချိန်ပိုယူပြီး လေ့လာလိုက်ပါ့မယ် .."

" ဒါပေမယ့် .."

" လာ..သွားရအောင် .. Bec လေး .."

        Freen က တော်ဝင်အထိန်းတော်ကြီး
စကားကို နားမထောင်နေတော့ပဲ Rebecca ကို ခေါ်ကာ သူမရဲ့ နားနေဆောင်ထဲကနေ ထွက်သွား‌ေတာ့သည်။ကျန်နေခဲ့တဲ့ တော်ဝင်
အထိန်းတော်ကြီးနဲ့ အခြွေအရံတို့က

" အဲ့ကလေးမလေး စရောက်လာတဲ့နေ့က
  တည်းက နန်းလျာမင်းသမီးက
  အထိန်းတော်ကြီး စကားလည်း
  လက်မခံတော့ဘူးနော်..."

အထိန်းတော်ကြီးက သက်ပြင်းချကာ

" အမြဲတမ်း ဘယ်ကိစ္စမဆို အစီအစဉ်တကျ
  လုပ်တတ်တဲ့ ငါတို့ နန်းလျာမင်းသမီးက
  အခုဆို စာ‌ေပလေ့လာချိန်လည်း
  ထွက်သွားတတ်နေပြီ ..
  နန်းလျာမင်းသမီးက သူမစကားနဲ့ အညီ
  အချိန်ပို တကယ်လေ့လာတာ မှန်မယ့် ...

  ဒါက သူမရဲ့တစ်‌ေန့တာ အချိန်ဇယားကို
  သွေဖယ်နေပြီလေ ..
  ကြာရင် နန်းလျာမင်းသမီး အကျင့်ပျက်
  သွားမှာ ဆိုးရတယ် ..

  Armstrong အိမ်တော်က သခင်မလေးက
  တကယ် အလိုက်မသိဘူး ..
  နန်းလျာမင်းသမီးကို သူမနဲ့ အဆင့်တူ၊  
  အရွယ်တူ ပုံစံ ပြောဆိုဆက်ဆံနေတာ..
  ငါတော့ သိပ်သဘောမကျဘူး.."

The Moon & Her Royal SunWhere stories live. Discover now