PART - ( 2 )

638 43 2
                                    

    Gabriel နန်းတော် ၊ ညစာတည်ခင်းချိန်

         ခမ်းနာလှပတဲ့ တော်ဝင်ညစာစားပွဲခုံမှာ
မျက်နှာချင်းဆိုင် ထိုင်နေကြတဲ့ မင်းသမီး
Freen နဲ့ နန်းလျာမင်းသား Eric တို့က
ငြိမ်သက်နေကြပြီး ဘုရင်ကြီးကတော့
သူတို့နှစ်ယောက် အလယ်ကနေ စကား
အစချီလိုက်သည်။

" ဒီကြားထဲ ကိစ္စရေးရာတွေ များနေခဲ့တာနဲ့
  မိသားစုညစာ မစားဖြစ်တာ ကြာခဲ့ပြီ ..
  ဒီနေ့မှာ နှစ်ယောက်လုံး မပျက်မကွက်
  လာခဲ့ပေးတာ ခမည်းတော် ဝမ်းသာပါ
  တယ် .."

       မင်းသမီး Freen က ခမည်းတော်ဘုရင်
ကြီးကို မဆိုသလောက်အပြုံးနဲ့ ပြန်တုံ့ပြန်
ပေမယ့် နန်းလျာမင်းသား Eric ကတော့ မျက်နှာတည်‌ေလးနဲ့သာ တိတ်ဆိတ်နေ
သည်။

     နောက်တော့ သားအဖ သုံးယောက်
ညစာ အတူစားနေကြရင်း

" ဪ.. သားတော် Eric ..
  လက်ရှိ သားတော် ဦး‌ေဆာင်ထားတဲ့
  ကုန်သွယ်ရေးဘက်က တိုးတက်မှုတွေ
  ရှိလာတယ်လို့ ခမည်းတော် ကြားသိထား
  ရတယ်နော် .."

" ဟုတ်ပါတယ် .. ခမည်းတော်
  သားတော်တစ်ဦးတည်းကြောင့်တော့
  မဟုတ်ပါဘူး..
  ကုန်သွယ်ရေးဝန်ကြီးက သူ့တာဝန်ကို
  တစိုက်မတ်မတ် လုပ်ပေးတာလည်း
  ပါပါတယ်..

  သားတော် ကတိပေးနိုင်ပါတယ်
  မကြာခင် Gabriel တိုင်းပြည်မှာ အခုထက်
  ပိုမိုဖြောင့်ဖြူးတဲ့ ကုန်သွယ်ရေးစနစ်ကို
  ပိုင်ဆိုင်နိုင်‌ေတာ့မှာပါ.."

" သားတော်ကို ယုံကြည်ထားပါတယ် "

        ဘုရင်ကြီးက ပြုံးရင်း ပြောပြီး Freen
ဘက် လှည့်လာကာ

" ဒါနဲ့ .. သမီးတော်ရော ဒီရက်ပိုင်း ဘာတွေ
  လုပ်နေခဲ့သေးလဲ ?..
  မနက်ပိုင်းကလည်း အစည်းအဝေးကို
  မတတ်ရောက်ခဲ့ဘူးနော်.."

" တောင်းပန်ပါတယ် .. ခမည်းတော်
  သမီးတော် မနက်ပိုင်းက နေမကောင်းချင်
  သလို ဖြစ်နေတော့ စိတ်ပြေလက်ပျောက်
  ဖြစ်အောင် သခင်မလေး Roseanne ဆီ
  သွားခဲ့တာပါ "

" ဪ .. သမီးတော်က ဝန်ကြီးချုပ် Ryder
  ရဲ့သမီးကို တော်တော်ခင်တွယ်တာပဲ "

The Moon & Her Royal SunWhere stories live. Discover now