PART - ( 4 )

504 27 2
                                    

      Ven Margaret ဟာ သူ့ရဲ့လက်အောက် ငယ်သားတစ်ဦးနဲ့ အခန်းထဲမှာ စကားပြောနေသည်။ ကျောပေးပြီး ပြတင်းပေါက်ဘက်
ရပ်နေတဲ့ Ven ကို ထိုလူက ဒူးထောက်ခစား
လျက်နဲ့

" ဒါကတော့ သူတို့တွေ ပြောနေခဲ့ကြတဲ့
  စကားအကုန်ပါပဲ .. သခင်ကြီး .."

         မှူးမတ် Ven က ပြတင်းပေါက်ကနေ
အပြင်ဘက်ကို ကြည့်နေရင်း ပြုံးလိုက်ကာ

" အင်း .. စိတ်ဝင်စားစရာပဲ ..
  မင်း တာဝန်ကျေတယ် ..
  တစ်ခုခုဆို ငါ့ကို ပြန်သတင်းပို့ပါ .."

" ကောင်းပါပြီ .. သခင်ကြီး .."

         ထိုလူက မှူးမတ် Ven ကို ဦးညွှတ်ပြီး
အခန်းထဲကနေ ပြန်ထွက်သွားခဲ့သည်။

Vincent အိမ်တော်မှာ အစေခံ အဖြစ်
အလုပ်လုပ်နေတဲ့ သူ့ရဲ့သူလျှိုကတော့
တံခါးနားကနေ ခိုးနားထောင်ရင်း
ကိစ္စတစ်ခုကို သိလာရပြီပေါ့ ..

        Ven Margaret က သူ့အခန်းထဲက
ဗီဒိုတစ်ခုကို ဆွဲဖွင့်လိုက်သည်။ အောက်ဆုံးအဆင့်မှာ သူသေချာသိမ်းထားတဲ့ သေတ္တာ
ဘူးနက်လေးကို ယူပြီး ကိုင်ကြည့်‌ေနသည်။

" ဒီရှားပါးလက်ဆောင်လေးကို ဘုရင်ကြီးဆီ
   ဆက်သပေးဖို့တောင် မစောင့်နိုင်‌ေတာ့ဘူး..
   မကြာခင်ဖြစ်လာတော့မှာပါ ..

    မင်းတော့ သေဖို့သာ ပြင်ထား.. Joseph "

_
_
_
_
_
_
_

       မနက်လင်းတော့ Joseph နဲ့ Zeke တို့က
နန်းတော် အနောက်ဘက်ဂိတ်ကို ရောက်လာ
ခဲ့သည်။ Gabriel အစောင့်တပ်သားတစ်ချို့က သူတို့ကို မြင်တော့ ဦးညွှတ်ကြသည်။

Zeke က အစောင့်တပ်သားတွေကို

" အင်း .. ဟိုကောင်လေးတွေရော ?.. "

" ဟုတ်ကဲ့ ..သူတို့ ဂိတ်တံခါးနားမှာ
  ရှိနေကြပါတယ် .. ကာကွယ်ရေးဝန်ကြီး .."

_
_

      နည်းနည်းလေး ဆက်သွားတော့ သူ့တို့ကို စောင့်နေဟန်ရတဲ့ ထိုကောင်လေး Lucas ..

" ဘာမှမဟုတ်တဲ့ ကလေးတွေတဲ့လား ..
  ခင်ဗျားတို့က ကျုပ်တို့ရဲ့ခံယူချက်ကို
  အဆင့်ချလိုက်သလိုပဲနော် .."

The Moon & Her Royal SunWhere stories live. Discover now