PART - ( 12 )

515 40 10
                                    

" လြွှဲပြောင်းပေးခဲ့တာ ? .."

    Richard မှာ အံ့ဩနေတဲ့ လေသံဖြင့်သာ။
Freen ဟာ မျက်လွှာချထားလျက်နဲ့ မျက်နှာ
လြွှဲထားရင်း

" ဟုတ်ပါတယ် .. အလင်းဓာတ်မှော်စွမ်းအင်
   အရင်းအမြစ်ကို ကျွန်မဆီကနေ သူမဆီကို
   လြွှ‌ဲပြောင်းပေးခဲ့တာပါ.."

     Richard ဟာ အံ့ဩပြီးရင်း အံ့ဩနေရင်း
ကနေ မယုံကြည်နိုင်စွာ ခေါင်းတစ်ချက်
ခါလိုက်ပြီး

" ဘာ.. ဘာလို့လဲ .. မင်းသမီး
   ဘာလို့အဲ့ဒီလိုမျိုး လုပ်ခဲ့ရတာလဲ ?.."

     Freen တိမ်ဝင်နေတဲ့ အသံတစ်ခုနဲ့
ပြန်ဖြေလာသည်မှာ

" အဲ့ဒီတုန်းက ...
   ကျွန်မ လက်ပေါ်မှာတင်
   သူမ အသက်ဆုံးလုနီးနီး ဖြစ်နေပြီ... "

_
_
_
_
_
_
_
_

" Lina .. "

" အေး .. ပြောလေ .. Becky .."

" ငါ ခေါင်းနည်းနည်းကိုက်နေသေးတော့
   ခဏနားချင်လို့ .."

    Becky က ‌လေသံတိုးတိုးဖြင့် ပြောလာ
တော့ Lina က ရယ်ပြုံးပြီး

" ဪ.. အေး ..သွားနားလိုက်လေ
   နင်က နင်လုပ်ရမယ့် အလုပ်တွေ
   ပြီးနေပြီပဲကို ..
   ငါ့ကို စိတ်မပူပါနဲ့ ..
   ဒီလက်ကျန်ပန်းကန်တွေ
   ငါဆေးလိုက်မယ် .."

" အေး .. ကျေးဇူးပဲ .. Lina .."

     Becky က မီးဖိုချောင်ထဲကနေ ထွက်လာ
ခဲ့ပြီး သူမတို့ အစေခံတန်းလျားကို ပြန်လာ
ခဲ့သည်။ Lina အပါအဝင် တစ်ခြားအစေခံတွေဟာ အလုပ်ပြီးရင်‌ေတာင် ချက်ချင်း
တန်းလျားကို ပြန်လာလေ့မရှိကြတာကြောင့်
လောလောဆယ်မှာ သူမတစ်ယောက်တည်း
ဖြစ်လို့ နေသည်။

     သူမဟာ ထောင့်တစ်နေရာမှာ ခဏထိုင်ချ
ပြီး တဆစ်ဆစ် ထိုးကိုက်နေတဲ့ ဝေဒနာကို
ကြိတ်မှိတ်ကာ သည်းခံနေရသည်။ ချွေးတွေ
လည်း ပြန်လာသလို ပိုပြီးလည်း ကိုက်ခဲလာ
တော့ ခပ်မဲ့မဲ့ တစ်ချက် ပြုံးရင်း

" ဟင့် .. နည်းနည်းပါးပါးလေးတော့
   လက်ရှိပိုင်ရှင်ကို ညှာမှပေါ့..
   အဖိုးတန်အမျိုးမှန်လေးရဲ့ ..

   နင်က ဒီလိုခဏခဏလုပ်နေရင်
   ငါ့ရဲ့အစီအစဉ်တွေ အကုန်ပျက်ကုန်
   လိမ့်မယ်ဟ.."

The Moon & Her Royal SunWhere stories live. Discover now