PART - ( 22 )

555 44 4
                                    

    Freen ဟာ ‌ေဘးနားက စတော်ဘယ်ရီသီး
လေးတွေ ကိုက်စားရင်း အေး‌ေအးဆေးဆေး
လျှောက်နေသည့် Rebecca ကို ငေးကြည့်နေ
မိသည်။

       တစ်နေ့တစ်ခြား အရွယ်ရောက်လာသည့်
ထိုမိန်းမပျိုလေးဟာ Freen အတွက် လွန်စွာ
တန်ဖိုးရှိလှသလို သိပ်လည်း ချစ်မြတ်နိုးရပါ
သည်။ သူမ၏ စိတ်ထဲ၌ အတွေးပေါင်းစုံဟာ
အမြဲရှိနေတတ်ပေမယ့်လည်း ထိုအတွေးတွေ
၏ အဆုံးသတ်မှာ Bec လေးကို ရွေးချယ်ရန်
သာ ဖြစ်ပါသည်။

    သူမတို့နှစ်ဦးဟာ စကားလေးတပြောပြော
ဖြင့် Gabriel မြို့‌‌ေဈးထဲကနေပဲ ဖြတ်သွား
တာ ဖြစ်ပြီး ခဏနေတော့ ပန်းဆိုင်တစ်ဆိုင်
ထဲသို့ Rebecca က လှစ်ခနဲ ဝင်သွားခဲ့သည်။

_
_

    Freen ကလည်း အနောက်ကနေ လိုက်ဝင်
သွားပြီး Rebecca ကတော့ ထိုပန်းဆိုင်လေး
ထဲက ပန်း‌မျိုးစံုကို လိုက်ကြည့်နေခဲ့သည်။
Freen က Rebecca နဲ့ အတူလိုက်ကြည့်ရင်း
တစ်ချက်ပြုံးကာ

" Bec လေးက ပန်းလိုချင်လို့လား ? .."

Rebecca က ခေါင်းတစ်ချက်ညိတ်ပြရင်း

" အင်း.."

" Bec လေး ကြိုက်တာ ယူလေ ..
   တို့ ဝယ်ပေးမယ် .."

" ရပါတယ် .. အချစ်.. ဒီတစ်ခါကိုတော့
   ကျွန်မ ငွေနဲ့ပဲ ကျွန်မ ဝယ်မှာပါ .."

       Freen က သူမဝတ်ရုံထဲရှိ ငွေစထုပ်ကို
ထုတ်မယ် လုပ်တော့ Rebecca လှမ်းတား
လိုက်သလို တစ်ဆက်တည်းလည်း Freen
ကို ခေါင်းခါပြသည်။ Freen မှာ မျက်တောင်
လေး ပုတ်ခတ် ပုတ်ခတ်ဖြင့် ကြောင်ကြည့်
နေပြန်တော့ Rebecca က ထပ်ပြောလိုက်
သည်။

" ကျွန်မ ပြီးခဲ့တဲ့ တစ်ခေါက်က ရထားတဲ့
   လုပ်ခလစာတွေ ရှိတယ်လေ .. အချစ်ရဲ့
   ကိုယ့်ငွေကိုလည်း ကိုယ်သုံးချင်သေးလို့
   ပါနော် .."

          Rebecca က ပြုံးရင်း ပြောလာတော့
Freen ဘက်လည်း ဘာမှပြန်မပြောတော့ပဲ
တစ်ချက် ပြန်ပြုံးပြရင်း ခေါင်းလေးသာ
ညိတ်ပြတော့သည်။

    ထိုအချိန်‌တွင် ပန်းရောင်းသည့် အဒေါ် ကြီး
က Rebecca ကို လှမ်းပြီး

" ဒီက မိန်းကလေးက ဘာပန်းယူမှာလဲ ?.."

   Rebecca သည် ရောင်စုံလှ‌ပသော ပန်းတွေ
ထဲကမှ အဖြူရောင်နှင်းဆီ ပန်းပွင့်တွေကို လက်ညှိုးထိုးပြပြီး

The Moon & Her Royal SunWhere stories live. Discover now