PART - ( 17 )

607 32 10
                                    

" Becky ? .."

" အင်း .. Gabriel ကို ရောက်သွားရင်
   အဲ့ဒီနာမည်ကို သုံးမှာ ..
   မကြာသေးခင်ကမှ ချိတ်ဆက်မိတဲ့
   တရားမဝင်အတုအပ ကျွမ်းကျင်လုပ်ငန်း
   ရဲ့အကူအညီနဲ့ လိုအပ်မယ့် ထောက်ခံစာ
   တွေလည်း လုပ်ခဲ့ပြီးပြီ .."

      Rebecca သည် ကုတင်ဘေးက အံဆွဲထဲ
သိမ်းထားသည့် ထောက်ခံစာ စာရွက်‌တွေကို
ယူပြီး Soo ကို ပြလိုက်သည်။ Soo အားလုံး
ကို ဖတ်ကြည့်ပြီး‌ေနာက် အနည်းငယ်
အံ့ဩနေလျက်

" နင့်ကိုယ်ရေးအချက်အလက် အားလုံးက .."

Rebecca ကလည်း ဘေးကနေ ကြည့်ရင်း

" သေချာတာပေါ့ ..
   တစ်ခုမှ အမှန်မပါဘူး..
   အကုန်အတုတွေချည်းပဲ ..

   ငါ့ရဲ့ကိုယ်ရေးအချက်အလက်‌ေတွကို
   အစစ် မထည့်ထားချင်ဘူး..
   ဟိုရောက်ရင် ဘာဖြစ်လာမလဲ မသိနိုင်တဲ့
   အတွက် မိသားစုကို ကြိုတင်ကာကွယ်
   ထားတာက ပိုကောင်းတယ် .."

Soo က Rebecca ကို ကြည့်လာပြီး

" ငါတို့မိသားစုကို ကာကွယ်တာက
   ဟုတ်ပါပြီ ..
   ဒါပေမယ့် .. နင့်အတွက်ကရော ? ..
   နင် တစ်ခုခုဖြစ်မှာ မကြောက်ဘူးလား ..
   Becca .."

      Rebecca က Soo ကို ကြည့်နေရာကနေ
မျက်လုံး‌ေလး လြွှဲသွားသည်။ Rebecca
အခန်းထဲက ကုတင်‌စပ်လေးတွင် ယှဉ်ထိုင်
နေကြတဲ့ သူမတို့ နှစ်ယောက်ဟာ တိတ်ဆိတ်
နေပြန်သည်။

Soo က ခဏလောက် ငြိမ်သက်ပြီးနောက်

" တကယ်ပဲ
   ငါလိုက်လာလို့ မရဘူးပေါ့နော် .."

" အင်း.. မရဘူး.."

" နင်နေမယ့် နေရာကရော .."

" အဲ့ဒါကလည်း
   နင် မသိတာပဲ ကောင်းပါတယ် .."

" ဟယ် ! .. နင်က မလွန်လွန်းဘူးလား ..
   ငါတို့က မိသားစုဝင်တွေနော်..
   ငါ့ကိုပါ အကုန်လျှိုထားမလို့လား .."

      Soo က လေသံမာမာနဲ့ ထပြောလာတော့
Rebecca က ခပ်အေးအေးလေသံနဲ့ပဲ

" Soo ..
   ငါက ကလဲ့စားချေမယ့် သူပါ..
   ငါ့အနေနဲ့ သတိထားရမယ့် အရာတွေ
   ရှိတယ် ..
  
   Gabriel က အဲ့ဒီလူတွေက ငါသေသွားပြီ
   ဆိုတာပဲ သိထားကြတာ ..
   ဒါပေမယ့် အဲ့ဒီတိုင်းပြည်ထဲကို Rebecca
   ဆိုတဲ့ နာမည်နဲ့ပဲ ဝင်သွားခဲ့ရင် တစ်ရက်
   အတွင်း အဖမ်းခံရနိုင်တယ်..

The Moon & Her Royal SunWhere stories live. Discover now