PART - ( 13 )

576 38 9
                                    

      Roseanne တစ်ယောက် မြို့ဈေးလမ်းမ
အလယ်တွင် ပေါင်မုန့်ထုပ်လေးက တစ်ဖက်၊
ရောင်စုံသကြားလုံး စုပ်ပြားထုပ်က တစ်ဖက်
နှင့် ဟိုကြည့်ဒီကြည့် ဖြစ်နေသည်။

" Freen တစ်ယောက် ဘယ်များရောက်
   သွားပါလိမ့် ?.."

" Roseanne .."

      ထိုခေါ်သံဖြင့် Roseanne ရဲ့အနားကို
ပြန်လျှောက်လာခဲ့သည့် Freen ။

" နင်က ဘယ်ရောက်သွားတာလဲ ?
   ငါနင့်ကို လိုက်ရှာနေတာ ကြာပြီ .."

" အင်း .. ငါ လုပ်စရာ ကိစ္စတစ်ခု
   ပေါ်လာတော့ အရင်ပြန်နှင့်မလို့
   နင့်ကို လာအသိပေးတာ.."

" ဘာကိစ္စလဲဟ ? ..
   ဒီညလုပ်မယ့် ဘုရင်ကြီးမွေးနေ့ပါတီ
   အတွက် နန်းတော်မှာ နင်လုပ်ရမယ့်
   အပိုင်းတွေလည်း ပြီးခဲ့ပြီမလား .."

" အမ် .. အဲ့ဒါတွေထက် အရေးကြီးတဲ့
   ဟာမျိုးပါ.."

         Freen ဟာ သူမရဲ့မျက်လုံးလေးကို
လှည့်နေရင်း Roseanne ရဲ့ဘယ်လက်တွင်
ကိုင်ထားသော ရောင်စုံသကြားလုံးစုပ်ပြား
ထုပ်ကို မျက်လုံးရောက်သွားသည်။

" ဒါနဲ့ .. ငါ့ကို သကြားလုံးစုပ်ပြားလေး
   တစ်ခုလောက် ပေးနိုင်မလား ? .."

" ဟမ် .. ငါ ဝယ်တုန်းကကျတော့
   နင်ပဲ မကြိုက်ဘူးဆို .."

" ပေးမှာလား .. မပေးဘူးလား .."

    Freen ဟာ နှုတ်ခမ်းလေးဆူပြီး ထပ်မေး
လာတော့ Roseanne က မတတ်သာသည့်
မဲ့ပြုံးဖြင့်

" မှန်လှပါရှင် .. ပေးပါတယ်နော်
   ကျွန်တော်မျိုးမ ပေးပါတယ်.."

           Roseanne က ‌ရောင်စုံသကြားလုံး
စုပ်ပြားထုပ်ထဲက တစ်ခုကို ထုတ်လိုက်ပြီး
Freen ကို တစ်ခုပေးလိုက်သည်။ Freen
ဟာ သူမ လိုချင်တာကို ရသွားသည့်အခါ
ကျေနပ်စွာ ပြုံးပြီး

" ကျေးဇူးပါပဲ..
   ဪ.. ပြီးရင်လည်း နင့်အိမ်တော်ကိုပဲ
   တန်းတန်းမတ်မတ် ပြန်နော်..
   အနာဂတ်ကြင်ယာ‌ေတာ် ဘုရင်မလောင်း
   မို့လို့ ပိုပြီး ဂရုစိုက်ပါ.."

      Freen ဟာ Roseanne ရဲ့ပုခုံးလေးကို
ခပ်ဖွဖွ လှမ်းပုတ်‌ေပးလိုက်ပြီး ချက်ချင်း
ဆိုသလို အလောတကြီး ပြန်ပြေးထွက်သွား
ခဲ့သည်။

The Moon & Her Royal SunWhere stories live. Discover now