PART - ( 14 )

536 38 10
                                    

     Gabriel သို့ ပုံမှန်အရှိန်ဖြင့် သွားနေသော
မြင်းလှည်းတစ်စီးပေါ်တွင် အမျိုးသမီးလေး
တစ်ယောက် လိုက်ပါလို့ လာခဲ့သည်။

     ထိုသူမှာ Soo သာ ဖြစ်ပြီး အလောတကြီး
ပြင်ဆင်ခဲ့ရသည့် သူမရဲ့အဝတ်ထုတ်လေး
ကို ပိုက်ထားကာ စိတ်လည်း လှုပ်ရှားနေမိ
သည်။

အဲ့ဒီညတုန်းက ကိုကြီး Lucas နဲ့ စကားတွေ
ပြောခဲ့ပေမယ့်လည်း Becca အတွက်
သူမ ရတက်မအေး ဖြစ်နေ‌ေသးတာတော့
အမှန်ပါပ‌ဲ..

Becca မသွားခင်တုန်းက
သူမ ကတိတောင်းခဲ့ပါတယ် ..
ကိစ္စအားလုံးပြီးသွားရင် သူမတို့မိသားစုဆီ
ပြန်လာဖို့ အတွက်ပေါ့..

Becca ကတော့ ခပ်ပြုံးပြုံးနဲ့ ခေါင်းညိတ်ခဲ့
ပေမယ့် Soo ရဲ့ စိတ်ထဲတော့ တကယ်တမ်း
Becca ကတိမတည်နိုင်မှာကို စိုးရိမ်မိသည်။
     
      Soo ဟာ တွေးနေရင်း သက်ပြင်းလေး
ခပ်ဖွဖွချကာ သူမရဲ့ အဝတ်ထုတ်လေးကို
ပွေ့ပိုက်ထားရင်း

" Becca .. ငါ လိုက်လာတာကို
   နင် စိတ်မရှိဖို့ပဲ မျှော်လင့်ပါတယ် .."

_
_
_

      မနက်မိုးသောက်ချိန်ကတည်းက Freen
နိုးနေခဲ့သည်။ အရင်ကနဲ့ မတူပဲ ဆန်းသစ်
နေသည်ဟု ထင်ရသော မနက်ခင်းလေးကို
နိုးထလာရသလို ခံစားချက်ဖြင့် Freen ။
ဘာကြောင့် သူမ ဒီလိုဖြစ်နေလဲ ဆိုတာကို
လည်း မည်သူမှ မခန့်မှန်းနိုင်ကြလောက်ပါ။

     Bec လေးနဲ့ ပြန်ဆုံခဲ့ပြီးတဲ့နေ့ကတည်းက
သူမရဲ့စိတ်သည် သိသိသာသာ ကြည်လင်
လာသည်ကို ကိုယ့်ကိုယ့်ကိုယ် သတိထားမိ
သည်။

အခုလည်း ချိန်းတွေ့မယ့်ရက်က မနက်ဖြန်မှ
ဆိုပေမယ့် Freen ကတော့ ကြိုတင်တွေးနေ
ရင်း စိတ်လှုပ်ရှားနေမိတာ ဖြစ်သည်။

_
_

        ထုံးစံအတိုင်း နန်းတော်လျှောက်လမ်း
တစ်လျှောက် သူမ တစ်ယောက်တည်းသာ
လျှောက်လာပေမယ့်လည်း ထိုအပျော်တွေ
ကို ခဏရပ်တန့်သွားအောင် လုပ်လိုက်ကြ
သူတွေမှာ တစ်ဖက်ခြမ်းက လျှောက်လာကြ
သော ဝန်ကြီးအုပ်စုပင် ဖြစ်သည်။

       Ven Margaret တော့ မပါလာပေမယ့်
Mike , Marco နဲ့ Drake စသော ဝန်ကြီး
၃ ယောက်ဟာ သူမကို အရင်ဆံုး ဦးညွှတ်နှုတ်ဆက်လာကြသည်။

The Moon & Her Royal SunWhere stories live. Discover now