အပိုင်း (1)U/Z

1.7K 64 2
                                    


"ပိုင်မှူးသံစဉ် !! မင်းငါ့ရဲ့ချောကလပ်ကိတ်ကို ခိုးစားပြန်ပြီလား ငါမေမြို့သွားရင်လမ်းမှာစားဖို့ဝယ်ထားတာကွ ပြန်အန်ထုတ်စမ်းငါဝယ်ထားတဲ့ကိတ်မုန့်ကို"

ထိုအသံသည် ပိုင်တို့အိမ်တွင်အမြဲကြားနေကြအသံ ဖြစ်သောပိုင်နှင့်သူ့အကို သုတသံစဉ် တို့ ၏အသံဖြစ်သည်။ ပိုင်တို့မိသားစုသည် မန္တလေးတွင် ချမ်းသာသော
အသိုင်းအဝိုင်းထဲကဖြစ်သည်။ ပိုင်တို့မိသားစုက ပိုင်တို့
ကျောင်းပိတ်တိုင်း တစ်ပတ်တစ်ခါမေမြို့တွင်သွား၍အနားယူလေ့ရှိသည်။ အဲ့လိုမေမြို့ကိုအနားသွားယူတိုင်းပိုင်တို့ညီအကိုနှစ်ယောက်ကတော့အပျော်ဆုံးဖြစ်သည်။

"သား မှမသိတာ ကိုကိုဝယ်ထားတာကို နောက်ပြီးကိုယ့်ညီလေးစားတာကိုဘာလို့အဲ့လောက်ကြီးအော်နေရတာလဲ သူစိမ်းလဲမဟုတ်ဘဲနဲ့အသက်ကကြီးနေပြီခုထိကိုယ့်ထက်5နှစ်ငယ်ပြီး အားနည်းတဲ့သားနဲ့ရန်ဖြစ်တုန်းမေမေနဲ့တိုင်မယ် ဗြဲ...."

ပိုင်မှူးသံစဉ်၏ နိုင်ကွက်ဖြစ်သည် အမြဲတမ်းကိုယ်မနိုင် ရင် အာပြဲကြီးနဲ့ အော်ငိုနေကြ။သုတကတော့ ငါအဲ့လောက်အော်မိလို့လားဆိုပြီး ခေါင်းကုတ်ပြီးကြောင်ကြည့်နေသည်။ အမေဖြစ်သည့် ဒေါ်သံသာထက်က
ကလေးငိုသံကြားတော့

"သုတရေ!! ကလေးကိုငိုအောင်လုပ်ပြန်ပြီလား နင်တို့တွေရန်ဆက်ဖြစ်ရင်ဒီနေ့မေမြို့မသွားတော့ဘူး"

ထိုအခါမှ သုတနဲ့ ပိုင် ရန်ဖြစ်တာရပ်ပြီး ထည့်စရာရှိသောအဝတ်များကိုဆက်ထည့်ကြလေသည်။ ပိုင်ကအခုမှ နှစ်တန်းဖြစ်ပြီး သုတကတော့ ခုနှစ်တန်းဖြစ်သည်။ မနေ့ညကသုတရေခဲသေတ္တာထဲကို ပိုင်အိပ်မှ ချောကလပ် ကိတ်ထည့်ခဲ့ပေမဲ့ ပိုင်တစ်ရေးနိုးသေးထပေါက်ပြီး ရေဆာလို့ ရေခဲသတ္တာဖွင့်လိုက်ချိန် မျက်လုံးများက
တစ်လတ်လတ်နဲ့ သူခိုးရွှေတွေ့သလို ချောကလက်ကိတ်ကို ရေခဲသေတ္တာရှေ့တင် ထိုင်စားလိုက်ခြင်းဖြစ်သည်။

မိသားစုလေးယောက် မေမြို့သို့စထွက်ခဲ့ကြသည်။ ဒါပေမဲ့ လမ်းမှာ ပိုင်နဲ့သုတကတော့ စိတ်ဆိုးပြီးစကားမပြောကြ။ မေမြို့၂၁မိုင်ရောက်တော့ ပိုင်တို့ဆင်းပြီး မုန့်ဆင်းစားကြသည်။ ပိုင်က၂၁မိုင်ဆိုင်ရောက်တိုင်း
ရှမ်းခေါက်ဆွဲအမြဲစားလေ့ရှိသည်။

နွေးထွေးသောရပ်ဝန်း (A warm zone)Where stories live. Discover now