အပိုင်း(16)U/Z

82 3 0
                                    

"ကလင် ကလင်"

"ပိုင်ရေ မင်းအကိုအိမ်ရှေ့ရောက်နေပြီ"

"ဟုတ်ဖွားဖွား သားအဝတ်စားလဲနေလို့ ခဏနော်"

"သားနေသူရိန် အိမ်ထဲဝင်ထိုင်ပြီး မင်းညီကို စောင့်လိုက်ပါဦး မြေးလေးက အမြဲနောက်ကျနေတာဘဲ"

"မဟုတ်တာအဖွား ကျွန်တော်ကသာစောနေတာ"

"အေးဒီလိုကျတော့လဲ ပိုင်ရဲ့ အကိုတစ်ယောက်လိုဘဲ ဖွားဖွားမှာသာ မြေးမိန်းကလေးပါရင် ပေးစားမိမှာအမှန်ဘဲ အဲ့ဒါမှမိသားစုဝင်ဖြစ်မှာလေ"

ဟုတ်နောက်ကြဖြစ်လာမှာပါဖွားဖွားလို့တော့ ထုတ်မပြောပေမဲ့ စိတ်ထဲမှာတော့ အရမ်းတွေတော်စပ်နေတာကို ဖွားဖွားမသိရှာ။

"ဖွားဖွား သားအင်္ကျီတွေ့မိသေးလား"

"ဟင်"

အိမ်ပေါ်ထပ်မှ အောက်သို့ဆင်းလာသောပိုင်သည် အပေါ်ဗလာဖြစ်နေရုံသာမက ကျောင်းယူနီဖောင်းဖြစ်သည့်ဘောင်းဘီကိုလည်း ဇစ်ဆွဲထားပေမဲ့ ချိတ်မတပ်ထားသောကြောင့် အောက်ခံဘောင်းဘီလေးသည် မပေါ်တပေါ်လေးဖြစ်နေသည်။

အသားဖြူတဲ့ထဲပါပေမဲ့ ကိုယ်နဲ့ယှဉ်လိုက်ရင်အတွင်းသားတွေက ဖြူဥနေတာဘဲ။ ညှပ်ရိုးတွေက အားးးးးငါဒီမှာ
တင်ဆယ်ခါပြန်သေလို့ရနေပြီ နေသူရိန် ရေမင်းကတော့ ဒီနေ့မနက်မှာတင်....

"အကို အကို အကိုနေသူရိန်"

"နို့"

"ဟင် အကို နေမကောင်းဘူးလားနှာခေါင်းသွေးတွေယိုနေတယ်"

"ဟယ် သားလာလာဒီကို"

"ဟုတ်ဟုတ်"

"မနက်ကြီး ဘယ်လိုဖြစ်လို့နှာခေါင်းသွေးတွေယိုရတာလဲ နေမကောင်းဘူးလား"

"ဟုတ်ကောင်းပါတယ် ကျွန်တော်ဒီရက်ပိုင်း နို့တွေ..."

"စာ...စာတွေအရမ်းလုပ်နေရတော့ ပင်ပန်းသွားတယ်ထင်တယ်"

"ဪအေးပါကွယ် အရမ်းကြီးကိုယ့်ကိုယ်ကိုဖိအားမပေးပါနဲ့ ဟုတ်လား ကျန်းမာရေးလဲဂရုစိုက်ပါဦးကွယ်"

"ဟုတ် ဟုတ်ကဲ့"

"သွားမယ်အကို ကျွန်တော်ပြီးပြီ"

နွေးထွေးသောရပ်ဝန်း (A warm zone)Место, где живут истории. Откройте их для себя