အပိုင်း(4)U/Z

248 15 0
                                    

လူတွေက တစ်နေ့ကို၁ခါလောက်တော့"အဆင်ပြေပါတယ်"ဆိုပြီးကိုယ့်ကိုယ်ကို လိမ်ကြတယ်တဲ့
.........................................................

"Happy birthday"ပါ သားပိုင်မှူးသံစဉ်

"ဟုတ်ကဲ့ဖေဖေကျေးဇူးတင်ပါတယ်"

"ဒါနဲ့ လက်ဆောင်ကော ဟဲဟဲ"

"ဖေဖေအလုပ်ရှုတ်နေလို့မဝယ်ဖြစ်လိုက်ဘူးသား
ဖေဖေတောင်းပန်ပါတယ်နော်"

"ဟင်း.... ဟုတ်ကဲ့"

"မွေးနေ့မှာတော့ စိတ်မကောက်လိုက်ပါနဲ့သားရယ် ဖေဖေကချစ်လို့စတာပါ သွား လက်ဆောင်ကသားအခန်းထဲတောင်ရောက်နေပြီ"

"ဟာ ဟုတ်လား အဲ့ဒါကြောင့်ဖေဖေ့ကိုချစ်တာ
မွ.... မွ"

ပိုင် လက်ဆောင်ကိုသိချင်ဇောနှင်အိန္ဒြရေတောင်မဆယ်
နိုင်ပေ။ အခန်းထဲအားပြေးသွားလေသည်။ အခန်းထဲအားဝင်လိုက်ချင်းပင်သူ၏ စာရေးစားပွဲ၌တင်ထားသော တယောလေးတစ်လက်ပင်ဖြစ်သည်။

"ဟာ ဖေဖေ သားတယောလိုချင်နေတာ သားဒီမွေးနေ့လက်ဆောင်ကိုတစ်ကယ်ကြိုက်တယ် ကျေးဇူးပါဖေဖေ"

တယောအတွင်းတွင် "ပိုင်"ဟု နမည်ထွင်းထားသော ပိုင်ရဲ့ တစ်ခုတည်းသောတယောလေးဖြစ်သည်။

"ဟား...ဟား..... ဟုတ်ပါပြီကွာ ငါ့သားကြိုက်ရင်ပြီးတာဘဲ"

"ကိုကို ကကောသားအတွက်မွေးနေ့လက်ဆောင်ဘယ်မှာလဲ"

သုတသံစဉ် ပြေးသွားပြီး ရေခဲသေတ္တာထဲကထုတ်လာတဲ့ ချောကလပ်ကိတ်လေး ကိတ်မုန့်ပေါ်မှာ ဝက်ကလေးနှစ်ကောင်ထိုင်နေပြီးတစ်ကောင်ကပိုင်မှူးသံစဉ်လိုမျက်မှန်လေးနဲ့ဖြစ်သည်။ ဟုတ်ပါတယ် ပိုင်တစ်ယောက်၄တန်းကစပြီးလေးထောင့်မျက်မှန် အထူကြီးများ ကိုတပ်ခဲ့ရသည်။

"ကြိုက်လား ပိုင် ငါမင်းအတွက် ကိတ်မုန့်ကို သေချာဖုတ်ထားတာ"

"ကြိုက်တယ် လို့ပြောပေးလိုက်ပါသားပိုင် သူသားအတွက်ကြိုးကြိုးစားစားဖုတ်ထားတာ creamသုတ်တာဆို ၂ခါတောင်ပြန်သုတ်ရတယ် ဟားးဟားး"

ပိုင်မွေးနေ့တွင်ပိုင်တကယ်ပျော်ပါသည်။ ကျွန်တော့်ဘဝအတွက် ဒီမိသားစု ဒီရပ်ဝန်း လေးကကျွန်တော့်ရဲ့ နွေးထွေးရာရပ်ဝန်းလေးဖြစ်ပြီး ကျွန်တော် အသက်ကြီးလာတဲ့အထိဒီတိုင်းလေး ဖြတ်သန်းရမှာကိုပင်တွေးပြီးပျော်နေမိသည်။

နွေးထွေးသောရပ်ဝန်း (A warm zone)Where stories live. Discover now