အပိုင်ရ(9)U/Z

111 7 1
                                    

ပိုင် နေသူရိန်နဲ့စက်ဘီးလိုက်စီးတာ၅ရက်မြောက်သွားပြီ
ပင်ဖြစ်သည်။ ပိုင်သူများအားနေ့တိုင်းစက်ဘီးဖြင့်လာကြိုနေသည်အား အားနာလာသည်။

ပိုင်ကလဲ စကားနည်းသူ နေသူရိန်ကလဲ စကားသိပ်မပြောသူဖြစ်သည်ကြောင့် သူတို့ဆက်ဆံရေးသည် မေးထူးခေါ်ပြောကမတက်ပေ။

ကျောင်းသို့ရောက်ချိန်တွင် ပိုင် နေသူရိန်အား လာမကြိုတော့ရန်ပြောလိုက်သည်။

"ဟို....အကိုကျွန်တော့်ခြေထောက်ကလဲပြန်ကောင်းနေပြီဆိုတော့အကိုလာကြိုပေးစရာမလိုတော့ပါဘူးဒီညနေကျွန်တော်ဘာသာဘဲလမ်းလျှောက်ပြီးပြန်လိုက်ပါတော့မယ်"

"ဟင်...ခြေထောက်ကတစ်ကယ်သက်သာရောဟုတ်ရဲ့လားကွာ"

"ဟုတ်ပါတယ်...ဒါဆိုကျွန်တော်သွားပြီနော်"

"နေ...."

နေပါဦးလို့ပြောရန်အတွက်နေသူရိန်ပါစပ်ကမထွက်ပေ။ 

"ငါက မင်းအတွက် စိတ်အနှောင့်အယှက်လိုဖြစ်နေလား"

"ကျစ်...မုန်းတယ်ကွာ...ဒီခံစားချက်ကြီးကို။
ဘာလို့ ပါးစပ်က ဒီစကားလေးတစ်ခွန်းထွက်ဖို့အဲ့လောက်တောင်ခက်ခဲနေရတာလဲ"

ဒီ၅ရက်အတွင်းမှာနေသူရိန်ရဲ့စိတ်ဟာ မိုးလင်းတိုင်းဒီ
အနှီကောင်လေးကိုသွားကြိုရမည်ကိုတွေးကာ တက်ကြွလန်းဆန်းကာ နေ့ရက်တိုင်းသည် အရင်က သူဖြတ်သန်းခဲ့ဘူးတဲ့အချိန်နဲ့မတူဘဲ သူဟာ အခြားသာမာန်ကလေးတွေ
လိုမျိုး ဖြစ်လာမည်ကိုတွေးကာ ပျော်ရွှင်ခဲ့သည်။

^^^^^^^^^^^^^^^^^^^^

စာသင်ချိန်တွင် ပိုင် မနက်က အကြောင်းသူပြန်တွေးနေသည်။ နေသူရိန်မျက်နှာ တစ်ခုခုဖြစ်သွားတာကို ပိုင်သေချာပေါက်ပင်မြင်လိုက်ရသည်။

"သူ...ဘာလို့ မျက်နှာမဲ့သွားတာလဲ ဒီလိုအဆုံးသတ်သွားတာဘဲကောင်းပါတယ်"

စာမေးပွဲနီးလာသည်ကြောင့်ပိုင် စာကိုသာအာရုံစိုက်လေ့လာခဲ့သည်။ ညနေအိမ်ပြန်ချိန်တွင် ပိုင် အရင်အတိုင်းလမ်းလျှောက်သာပြန်ခဲ့သည်။ ခါတိုင်းလိုဘဲနောက်ခပ်လှမ်းလှမ်းတွင်နေသူရိန်လဲ စက်ဘီးအားမစီး ဘဲ ပိုင့် နောက်တွင် ဖြည်းဖြည်းချင်း လိုက်ပါလာခဲ့သည်။

နွေးထွေးသောရပ်ဝန်း (A warm zone)Where stories live. Discover now