အပိုင်း(12)U/Z

84 5 0
                                    

နှစ်ဆုံးစာမေးပွဲ

"ခဲတံ ဘောပင် ပေတံ အစုံပါပြီလား သေချာစစ်ကြည့်ဦးနောက်ပြီး ရော့ Milo လေးပါသောက်လိုက် စာမေးပွဲက 10 နာရီဖြေမှာမလား စိတ်မလှုပ်ရှားနဲ့ မေးခွန်းစာရွက်ကို သေချာဖတ်ကြည့်ပြီး မှဖြည်းဖြည်းချင်းဖြေ နော်ကြားလား...."

"ကျွန်တော်တင် ဖြေမှာ မှမဟုတ်တာ အကိုက ပိုတောင်အရေးကြီးသေးတယ် အတန်းကြီးလေ နောက်ပြီး အကိုကကျွန်တော့်ထက်ပို စိတ်လှုပ်ရှားနေတာမဟုတ်ဘူးလား"

"ကိုယ်လား....စိတ်မလှုပ်ရှားပါဘူး ဒီတိုင်း နည်းနည်းပါ"

"ဟုတ်ပါပြီဗျာ အခု အခန်းထဲ ဝင်တော့မယ် စာလေးနည်းနည်းပြန် ကြည့်မလို့"

"အင်း....ဒါဆို ရင်သွားတော့မယ်နော်"

"နေဦး...Milo တိုက်တဲ့ အတွက် ကျေးဇူးဘဲဗျာ"

"ဟင်...အေး..ရပါတယ်ကွာ"

*ဒီအကိုကတော့ သူ့ကြည့်ရတာမုန့်ဖိုးလဲသိပ်မရဘဲနဲ့*

စာမေးပွဲ ရက်အတွင်းအကိုနေသူရိန် သည် အဖေ
တစ်ယောက်လိုရော အမေတစ်ယောက်လိုရော အကို လိုရောပါ လိုလေးသေးမရှိ စောင့်ရှောက်မူကြောင့် ပိုင် နွေးထွေးမူ ရခဲ့ပါသည်။ အဲ့လိုစောင့်ရှောက်မူက စာမေးပွဲရက်အတွင်းတွင်လားဆို ဟင့်အင်း မဟုတ်ပါ အကိုသည် သူနှင့်တွေ့သည့် အချိန် တိုင်းလိုပင် နွေးထွေးမူအားပေးခဲ့သည်။ လုံခြုံစေခဲ့သည်။ ကျောင်းတက်သည့် ရက်တိုင်း သူ့အနားတွင် အကိုရှိနေခဲ့သည်။ မနက် ကျောင်းသွားချိန် စက်ဘီး နဲ့လာကြိုပြီး တူတူစီး တယ်၊ တစ်လမ်းလုံး နေ့တစ်နေ့ ရဲ့ ဘယ်သူမှ သတိမထားမိတဲ့ အစိတ်ပိုင်းသေးသေးလေးတွေကို ဆွေးနွေးဖြစ်တယ် နှစ်ယောက်အကြိုက်တူတာရှိရင် ပြုံးမိကြတယ်။ ပိုင် အကိုနဲ့ ရင်းနှီးလာသည့်နောက်ပိုင်း အရင်ထပ် တွယ်ကပ်မိလာသည်။ အကို အရင်း
တစ်ယောက်လိုမျိုး တွယ်တာချင်မိသည် ကတော့
အမှန်တစ်ကယ်ပါပင်....။

စာမေးပွဲနောက်ဆုံးနေ့ဖြစ်သည်မို့ နေသူရိန်နဲ့ပိုင် ကျောင်းစာသင်ခန်းအပြင်ဘက်ရှိထိုင်ခုံတွင် စာတစ်ခဏမျှလုပ်ခဲ့ကြသည်။

နွေးထွေးသောရပ်ဝန်း (A warm zone)Opowieści tętniące życiem. Odkryj je teraz